iOS 26 ကို Update တင်နိုင်မယ့် iPhone တွေပါ -
.
iPhone 11 | iPhone SE 2nd Gen ကနေစပြီး iOS 26 ကို Update တင်လို့ရမှာဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်က iPhone တွေအထိ Latest Update တင်လို့ရမယ်။
ဘယ်အချိန်မှာ iOS 26 Update တင်နိုင်မလဲဆိုတော့ -
- Developer Beta ကို ဒီနေ့ကစပြီး တင်လို့ရမယ်
- Public Beta ကို လာမယ့် ဇူလိုင်လ မှာ စပြီး တင်လို့ရပါမယ်
- Stable iOS 26 Update ကတော့ iPhone 17 Series ထွက်တဲ့ စက်တင်ဘာလမှ ထွက်မှာဖြစ်ပါတယ်။
အခု Developer Beta ထွက်လို့ ဘယ်လိုတင်လို့ရတယ်ဆိုတဲ့ Post တွေ တွေ့ရင်လည်း ကိုယ့်မှာ iPhone တစ်လုံးပဲ သုံးနေရတယ်၊ Data တွေ အရေးကြီးတဲ့ တစ်ခုတည်းသော Primary ဖုန်းဖြစ်နေရင် လိုက်မတင်ပါနဲ့။ Stable ဖြစ်မှာလည်း မဟုတ်သလို Data ပျက်နိုင်တာတွေ၊ Feature တွေက ကြေညာသွားတာအကုန်ပါဦးမှာလည်း မဟုတ်ပါဘူး။
အရမ်း သူများထက် စောပြီး တင်ချင်တယ်ဆိုရင် ဇူလိုင်လမှ Public Beta စောင့်ကြည့်ပါ။
အကောင်းဆုံးကတော့ တစ်ခုခုဖြစ်လို့လည်း အဆင်ပြေတယ်၊ ကိုယ့်ဘာသာ ပြန်ပြီး Recover မလုပ်နိုင်ရင် Developer Beta ကတော့ မတင်ဖို့ပဲ အကြံပြုပါတယ် -
