#အင်ဥနဲ့၀က်သားဟင်း
ခုရာသီက အင်ဥလေးပေါ်လာပြီဆိုတော့ အင်ဥနဲ့ ၀က်သားလေး စာချက်စားကြည့်ပါနော်..
ချက်ပြီးရင် အင်ဥထုပ်ထုပ်လေးနဲ့ ၀က်သားနူးနူးအိအိလေးကို စားရတာ ရာသီစာမို့လို့လား မသိပါဘူး။ တခြားဟာတွေထက် ပိုခံတွင်းတွေ့ပါတယ်။
အင်ဥလေးတွေကို သန့်စင်ရတာတော့ တော်တော်ကို လက်၀င်တယ််။သေသေချာချာ အကြိမ်ကြိမ် ပွတ်တိုက်ဆေးကြောရပါတယ်။ သဲကျန်ရင် တရှပ်ရှပ်၊ ကျလိကျလိနဲ့ စားရတာ အရသာပျက်ပါတယ်။
အင်ဥလေးတွေချည်းပဲ သက်သတ်လွတ်စားလို့ရသလို အသားဟင်းနဲ့လည်း စားလို့ရပါတယ်နော်။
ပါ၀င်ပစ္စည်းများ
အင်ဥ - လက်တဆုပ်သာသာ (လိုသလောက်သုံးနိုင်ပါတယ်)
၀ကျသား - ၁၅ ကျပ်သား
ကြက်သွန်နီ - အနေတော် ၄ လုံး
ကြက်သွန်ဖြူ - ဥကြီး တဥ
ငရုတ်သီးအကြမ်းကွဲ - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း(မိုးမျှော်) - ၁၀ တောင့်
ချင်း - လက်တဆစ်
နနွင်းမှုန့် - အချိုဇွန်း ၁ ဇွန်း
ငံပြာရည် - အချိုဇွန်း ၁ ဇွန်း
ဆား - အချိုဇွန်း ၁ ဇွန်း
အသားမှုန့် - အချိုဇွန်း ၁ ဇွန်း
နံနံပင် - အနည်းငယ်
ပြုလုပ်နည်း
အင်ဥလေးတွေကို ရေစိမ်ထားပါတယ်။ ပြီးမှ ပွတ်တိုက်ဆေးကြောပေးရပါမယ်။ ရေခနခနလဲပေးရင်း ဆေးကြောပေးရပါတယ်။ နောက်ဆုံးမှာ ခပ်ဖြူဖြူ အင်ဥလေးတွေ ရလာပါမယ်။
ဒီအတိုင်းထည့်ချက်လည်း ရသလို တရည်ဖျောပြီး ချက်လည်း ရပါတယ်။ ရေနွေးလေးနဲ့ တရည်ဖျောလိုက်ရင် ပိုသန့်ပြီး ချက်တဲ့အခါလည်း နူးလွယ်ပါတယ်။
အင်ဥလေးတွေ ဆေးပြီးရင် ထက်ခြမ်းခွဲထားပါတယ်။ သေးတဲ့ဥတွေတော့ မခွဲပါဘူး။
ကြက်သွန်နီ၊ ဖြူကို ချင်းနဲ့ ငရုတ်သီးကြမ်းကွဲ ရောထောင်းပါ။ ၀ကျသားကို ဆားနည်းနည်း၊ နနွင်းနည်းနည်းနဲ့ နယ်ထားလိုက်ပါ။
၀ကျသားကို ကြက်သွန်ရောထောင်းထားတာတွေနဲ့ လုံးချက်လိုက်ပါတယ်။ ၀ကျသားအရောငျပွောငျးလာရငျ ကြက်သွန်လည်း ခပ်ကြွပ်ကြွပ်ဖြစ်နေရင် ရေနည်းနည်းထည့်ပြီး နူးသည်အထိ အဖုံးအုပ်တည်ပေးထားပါတယ်။
ရေကို ဖြည်းဖြည်းချင်းဆီထည့်ပြီး ၀ကျသားနူးကာနီးနောကျဆုံး တရေ မထည့်ခင် အင်ဥလေးတွေ ရောပါတယ်။
ဆား၊ အသားမှုန့်၊ ငံပြာရည် ထည့်ပါမယ်။ ခနမွှေပြီး ရေထည့် အဖုံးအုပ်တည်ပေးပါ။ အသားလည်းနူး၊ အင်ဥလည်းနူးပြီး အရသာလည်း အနေတော်ရင် ငရုတ်သီးစိမ်းတွေခွဲပြီး ထည့်ပေးပါ။ နံနံပင်လေးလည်း အုပ်ပေးလိုက်ပါ။ ဒါဆိုရင် ၀ကျသားအငျဥခကြျမှှေးမှှေးလေး ရပါပြီ။
အင်ဥလေးတွေက ရာသီစာမို့ တနှစ်တခါချက်စားမိအောင် ချက်စားပါ။
မန္တလေးမှာ အခုက အင်ဥပေါ်ခါစမို့ အင်ဥစျေးကြားတာနဲ့ မစားရဘဲ သွေးတက်နေပါပြီနော်။

image