2 w - Translate

မြန်မာဖိုက်တာ ၃ ယောက်ထိ တစ်ပြိုင်နက် ပွဲထုတ်လိုက်တဲ့ ONE Championship
***********
ONE Friday Fights 76 ပြိုင်ပွဲတုန်းက မြန်မာဖိုက်တာ 5 ယောက်ထိ ပွဲထုတ်ခဲ့ပြီးနောက်ပိုင်း ၊ ဒုတိယမြောက် အရေတွက် အများဆုံး ပွဲထုတ်တဲ့ ပြိုင်ပွဲလို့ ဆိုလို့ရမယ် ထင်ပါတယ်။
တွဲဆိုင်းတွေကတော့ မလွယ်ပါဘူး။
မိုးထက်အောင် က ဆွန်ရက်ကို အနိုင်ယူထားတဲ့ ခွန်ဖုံနွိုင် နဲ့ ထိုးရမှာပါ။
ခွန်ဖုံနွိုင် က ONE Friday Fights စင်မြင့်ထက်မှာ စုစုပေါင်း 7 ပွဲ ထိုး ၊ 5 ပွဲ နိုင် 2 ပွဲ ရှုံးထာပြီး ၊ 3 ကြိမ် ဘောနပ်ဆု ဆွတ်ခူးထားပါတယ်။
သူဟာ ဆွန်ရက် နဲ့ ပွဲတုန်းက ဆွန်ရက် ရဲ့ ဒေါ်လာ တစ်သိန်းတန် အိပ်မက်ကို မှတ်ကျောက်တင်ဖို့ စာမေးပွဲစစ်ပေးခဲ့ရသူပါ။
ဒီပွဲမှာ သူ့ရဲ့ ဒေါ်လာ တစ်သိန်းတန် စာချုပ်ဆီ လျှောက်လှမ်းနေတဲ့ ခရီးကို မိုးထက်အောင် က ကြားဖြတ် စာမေးပွဲ ပြန်စစ်ပေးမှာ ဖြစ်ပါတယ်။
သွေးလင်းထက်ကတော့ အိမ်ရှင် ထိုင်းဖိုက်တာ ခရစ်ပက်ချ် နဲ့ ထိုးရမှာပါ။
အိမ်ရှင်တွေနဲ့ ဆက်တိုက်တီးထားရတဲ့ သူ့ရဲ့ ကလင်ဒါကျက ဒီတစ်ကြိမ်မှာလဲ အပြောင်းလဲ မဖြစ်ပါဘူး။
ခရစ်ပက်ချ် က ONE Friday Fights စင်မြင့်ထက်မှာ စုစုပေါင်း 5 ပွဲ ထိုး 3 ပွဲ ရှုံး 2 ပွဲ နိုင်ထားတဲ့ ဖိုက်တာပါ။
ရလာဒ်ပိုင်း အားဖြင့်တော့ သွေးလင်းထက် က အသာစီးရထားပါတယ်။
နောက်ဆုံးတစ်ယောက်ကတော့ မျက်နှာသစ် ဖိုက်တာ စောမင်းမင်း ဖြစ်ပါတယ်။
သြဇီဖိုက်တာ ဖိုက်တာ ဂျော့ရှ် နဲ့ ထိုးရမှာပါ။
ဒီဖိုက်တာ ၃ ယောက်စလုံးဟာ ဇွန်လ ၁၃ ရက် ၊ ရှေ့လာမယ့် သောကြာညပိုင်းမှာ ကျင်းပမယ့် ONE Friday Fights 12 ပြိုင်ပွဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။
မိုးထက်အောင် က International Main Event ပွဲ။
သွေးလင်းထက် က Co Main ပွဲ။
စောမင်းမင်း က အစောပိုင်း ပွဲ။
ပရိသတ်တွေ အတွက်တော့ တွဲဆိုင်း စီစဉ်ထားမှုက အတော်လေး နေရာကျသလို ၊ မြန်မာဖိုက်တာတွေကို အခွင့်ရေးတော့ နည်းနည်းပိုပေးတယ် ဆိုတာလဲ ထင်ရှားပါတယ်။
ကိုယ့်ဖိုက်တာတွေ ဘက်ကပဲ ပရိုမိုးရှင်းဘက်က ပင့်တင်ချင်တဲ့ ပုံစံမျိုးထိ ရောက်အောင် လှမ်းနိုင်ပါ့မလား ဆိုတာပဲ စောင့်ကြည့်ရမှာပါ။

image