၄ လက်မ display နဲ့ ယွမ် ၆၀၀ တန် တရုတ်ဖုန်း
ဒီဖုန်းမျိုးက ဈေးကွက်ထဲမှာ နှစ်မျိုးမရှိနိုင်တဲ့ အသေးဆုံးဖုန်းမျိုးပါ။
၆.၃ လက်မဆိုဒ်ကို Compact ဖုန်းဆိုပြီး ခေါ်နေကြချိန်မှာ တရုတ်ကုမ္ပဏီ Bluefox က ၄ လက်မ display သုံး ကမ္ဘာ့အသေးဆုံးအန်းဒရိုက်ဖုန်းကို ထုတ်သွားတာပါ။ Screen ကြီးမှ လူကြိုက်များတဲ့ခေတ်မှာ စမတ်ဖုန်းခေတ်ဦးတုန်းကလို ၄ လက်မဖုန်း ထုတ်ရဲတာ ချီးကျူးရပါလိမ့်မယ်။
Bluefox NX1 က iPhone 5 နဲ့ screen size တူပေမယ့် bezel ပိုပါးလို့ iPhone 5 ထက် ပိုသေးပါတယ်။ ကြည့်လိုက်ရင် ကလေးကစားစရာဖုန်းလေးလို ထင်ရပေမယ့် သုံးထားတာက 3000mAh ဘက်ထရီပါ။ ဘက်ထရီကြီးလို့ ဖုန်းကလည်း ပုံမှန်ဖုန်းတွေထက် တစ်ဝက်လောက် ထူပါလိမ့်မယ်။
ရှေ့ကင်မရာဒီဇိုင်းကတော့ နောက်ဆုံးပေါ် iPhone တစ်လုံးအတိုင်းပါပဲ။ Bluefox NX1 က iPhone 14 Pro လိုမျိုး Dynamic Island စတိုင် ရှေ့ကင်မရာ module သုံးပြီး 5MP Selfie နဲ့လာပါတယ်။ ကျောဘက်မှာ mid-range ဖုန်းတွေမှာ သုံးဖူးတဲ့ 21MP Sony IMX230 sensor သုံးပါတယ်။
Fancy ဘတ်ဂျက်ဖုန်းဖြစ်တဲ့အတိုင်း SoC ကို ၂၀၁၉ ထုတ် MediaTek Helio G81 သုံးပေမယ့် RAM/storage ကို 8GB/128GB ဗားရှင်းအထိ ထွက်ပါတယ်။ microSD card သုံးပြီးလည်း storage ထပ်မြှင့်လို့ရပါမယ်။ နောက်ထူးခြားချက်က Bluefox NX1 က နောက်ဆုံးပေါ် Android 15 နဲ့ လာတာပါ။ updates ဘယ်နှစ်ခု ရမလဲတော့ မသိပါဘူး။
တရုတ်မှာ Bluefox NX1 အနိမ့်ဆုံးဗားရှင်း RAM 4GB/64GB storage ကို ၅၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခွဲကျော်) နဲ့ 8/128GB အမြင့်ဗားရှင်းကို ၇၉၉ ယွမ် (မြန်မာငွေ ၄ သိန်း ၈ သောင်းဝန်းကျင်) ဈေးနဲ့ ရောင်းနေပြီး global ဗားရှင်းက ဇွန်လနှောင်းပိုင်းမှာ ထွက်ဖို့ ရှိပါတယ်။
