2 ပတ် - ဘာသာပြန်ပါ။

အရွယ်ကောင်းမှာ လေလွင့်မနေပါနဲ့ ။ အသက် ၂ဝ ဝန်းကျင်ဟာ ကိုယ် ဖြစ်ချင်တဲ့ ဘဝကို ကိုယ်တိုင် ကြိုးစားယူဖို့ အရွယ်ရောက်ပြီး လုံလုံလောက်လောက် သန်မာနုပျိုလာကြပြီ ။ ကိုယ်ပိုင်ဝင်ငွေရှာရမယ့်အချိန် ရင့်ကျက်ဖို့
စပြီးသင်ယူရသလို ၊ လူတွေအကြောင်း ၊ အချစ်အကြောင်း စပြီး နားလည်လာမယ့်အချိန်ပါပဲ ။
ဒီအသက်အရွယ်ထဲမှာ Challenge တွေ အရမ်းများတယ်။ အသက်မွေးဝမ်းကြောင်းပြုဖို့ ပညာရပ်တွေ လေ့လာရမယ် ။ Life goal တစ်ခု ချရတော့မယ် ။ အဲ့ဒီလမ်းပေါ်ရောက်နိုင်အောင် ကြိုးစားရမယ် ။ ဒီအချိန်မှာ ကျရှုံးနိုင်တယ် ။ လမ်းပျောက်နိုင်တယ် ။ စိတ်ဓာတ်ကျနိုင်တယ် ။ ဒါက အဆင်ပြေပါတယ် ။ လူတိုင်းဖြစ်ဖူးကြတဲ့ ကိစ္စပါပဲ ။ ကိုယ်တိုင်က လက်မလျော့လိုက်ဖို့ပဲ အရေးကြီးပါတယ် ။ ဒီအရွယ်မှာ ပျော်စရာတွေဟာ အရမ်းများတယ် ။
ပေါ့ပေါ့နေ ပေါ့ပေါ့စားမယ်လို့ တွေးထားရင်တော့ ဒီအရွယ်ဟာ သိပ်ပျော်စရာကောင်းတာပေါ့ ။ အချစ်နဲ့တွေ့မယ် ။ အသစ်ဆန်းတွေကို ကိုယ်တိုင်စမ်းသပ် ကြည့်ချင်သလို
မကောင်းတဲ့အရာတွေဟာ ကိုယ့်ကို လက်တည့်လာစမ်း ကြလိမ့်မယ် ။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကို Control မလုပ်နိုင်ပဲ တဒင်္ဂပျော်ရွှင်မှုတွေထဲ ခုန်ချမိလိုက်ရင်တော့ ဘဝဟာ တော်တော်လေး ပျက်စီးသွားလိမ့်မယ် ။ အရွယ်ကောင်းမှာ လေလွင့်နေခဲ့မိတဲ့ အချိန်တွေက တကယ်ကို နောင်တရစရာကောင်းပါတယ် ။ ဒါကြောင့် အရွယ်ကောင်းမှာ လေမလွင့်မိပါစေနဲ့ ။

image