2 ပတ် - ဘာသာပြန်ပါ။

စွန့်ခွာသွားခြင်းမခံရအောင်
ကိုယ်က နာကျင်ခြင်းတွေကို ခံစားနေမယ်ဆိုရင်
ပျော်ရွှင်ခြင်းတွေက ကိုယ့်ကို စွန့်ခွာသွားကြလိမ့်မယ် ။
ကိုယ်က ပူလောင်စေတဲ့ အရာတွေကို တွေးနေမယ်ဆိုရင် အေးချမ်းခြင်းတွေက ကိုယ့်ကို စွန့်ခွာသွားကြလိမ့်မယ် ။
ကိုယ်က မကောင်းတဲ့ အရာတွေကို ပြုလုပ်နေမယ်ဆိုရင် ကောင်းတဲ့ အရာတွေက ကိုယ့်ကို စွန့်ခွာသွားကြလိမ့်မယ် ။
ကိုယ်က တန်ဖိုးရှိတဲ့ အရာတွေကို
ဖြစ်သလိုထားလိုက်မယ်ဆိုရင်
တန်ဖိုးရှိတဲ့ အရာတွေက ကိုယ့်ကို စွန့်ခွာသွားကြလိမ့်မယ်။
တစ်ခါတလေမှာ ကိုယ့်ကို စွန့်ခွာသွားကြတာ
သူတစ်ပါးကြောင့်ထက် မိမိကြောင့် ဖြစ်နေတတ်တယ် ။
ဒါကြောင့် ပျော်ရွှင်ခြင်းတွေ အေးချမ်းခြင်းတွေ
ကောင်းတဲ့ အရာတွေ တန်ဖိုးရှိတဲ့ အရာတွေ
စွန့်ခွာသွားခြင်းမခံရအောင်
အတတ်နိုင်ဆုံး စိတ်ကို
သတိလေးနဲ့ ထိန်းချုပ်ပြီး ထားပါ ။

image