Joshua Van (Main Card)
Brandon Royval နဲ့ Joshua Van တွဲဆိုင်းက Main Card ဆိုတာ သေချာပြီ။ Brandon Royval က UFC Flyweight Ranking မှာ အဆင့် (၁) ဖြစ်နေလို့ပဲ။ UFC အဖွဲ့အစည်းမှာ Joshua Van အတွက် ပထမဆုံး Main Card ပွဲစဉ်ပါ။ အရင်လို Prelim Card မဟုတ်ပါဘူး။
Joshua Van ကလည်း ကြိတ်မယ်ဆိုတာချည်းပဲ။ လူစားဝင်ထိုးတာက တခြားအဆင့်မှာ မကွာပေမယ့် ထိပ်တန်းအဆင့်မှာ သိသာမှာမလား။ ကိုယ့်ဘက်က စိတ်အားထက်သန်တယ်ဆိုရင် ချသာ ချလိုက်ပါ။ လူလူချင်းပဲ ဘယ်ကောင်မှ ကြောက်စရာမရှိပါဘူး။
Brandon Royval ကို ကြည့်လိုက်ရင်လည်း တကယ့်ဆရာကြီး။ စမ်းချင်တာစမ်း မောင်ဘဂျမ်းဖြစ်နေတာလေ။ Joshua Van က (၁၈) ရက်အလိုမှ Brandon Royval ကို လူစားဝင်ထိုးရဲတာ မိုက်ရူးရဲဆန်မလား။ အခုလိုလူစားဝင်တာက ထိပ်တန်းအဆင့်မှာ ရှုံးဖို့များတယ်။ ရှုံးရင် ပြန်ကြိုးစား၊ နိုင်ရင် ခါးပတ်လုခွင့်တောင်း။ သေချာတာက Main Card ထဲမှာ ကစားရမှာပါပဲ။ စာဖတ်သူတွေ ဘေးကင်းပါစေ။
