Jee-pers Cree-pers Re-born (2022)
Chase နဲ့ Laine တိုက သမီးရည်းစားစုံတွဲတွေပေါ့။ Chase က ဒီလောကကြီးမှာ ခရီပါ ရှိတယ်ဆိုတာယုံကြည်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ကောင်မလေး Laine ကတော့ ဒါဟာ လူတွေလုပ်ကြံဖန်တီးပြီးပြောကြတာပါလိုထင်နေသူပါ။ တစ်နေ့ Chase က Laine ကို Horror Hound ပွဲတော်ကိုခေါ်သွားခဲ့ရာမှ အဲ့ဒီနေရာမှာ Laine ရဲ့ခေါင်းထဲကို မျှော်လင့်မထားတဲ့ သေခြင်းတရားအနိဌာရုံတွေရောက်လာပါတော့တယ်။ ဘာကြောင့် Laine ရဲ့မှတ်ဉာဏ်ထဲမှာဒီလိုအနိဌာရုံတွေပေါ်လာတာလဲ။ ခရီပါ ဆိုတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးနဲ့ရော ဘယ်လိုတွေပတ်သက်ဆက်နွယ်နေလဲ။ ၂၃နှစ်မှာတစ်ကြိမ်ပေါ်လာတတ်ပြီး လူတွေကိုအစုလိုက်အပြုံလိုက်သတ်တတ်တဲ့ ခရီပါ ကရော တကယ်ရှိလားဆိုတာ ဒီဇာတ်လမ်းလေးမှာ ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။
