2 ပတ် - ဘာသာပြန်ပါ။

အပင် ၃ ပင်၊ လူ ၃ မျိုး
'' လောကမှာ လူသုံးမျိုး ရှိတယ်။
ဘူးပင်နဲ့ တူတဲ့လူ ၊ မြက်ပင်နဲ့တူတဲ့လူ၊ ညောင်ပင်ကြီးနဲ့တူတဲ့လူ "
ဒီကားဟာ ကျွန်တော်အဖေ
ဆုံးမ ခဲ့တဲ့ စကားတွေ
ဘူးပင်နဲ့တူတဲ့လူ ဘူးပင်တွေကို
ကြည့်စမ်း သားငယ်။ ဒီကောင်တွေက
အမြင့်ရောက်မှ အသီးတင်တာ
အသီးသီးဖို့စင် ပေးရတယ်။
စင် မရှိရင် သူမှီတတ်ဖို့ အပင်ကြီးကြီး
ရှိမှရမယ်။ အမှီမပါရင် အမြင့်မရောက်တတ်ဘူး။
ဒီလိုပဲ ငါတို့ လူတွေမှာ
ဘူးပင်နဲ့ တူတဲ့ လူတချို့ရှိတယ်။
ကိုယ့်အစွမ်းအစမရှိဘူး၊ မိဘတွေရဲ့ပိုက်ဆံနဲ့ လူစွာလုပ်နေကြတဲ့လူတွေ။ မိဘတွေ မရှိတဲ့အခါ။ သူတို့ကို ထောက်ပံ့ပေးမဲ့
တစ်စုံတစ်ယောက်မရှိတဲ့အခါ၊ သူတို့ ဘဝ ပျက်သွားကြတယ်။အမှီအခို မရှိရင် မရှင်သန်တတ်ကြဘူး။
ငါ့သားငယ် ဘဝမှာ ဘူးပင်လိုလူမျိုး ဘယ်တော့မှ မဖြစ်စေနဲ့။
ဘယ်သူကမှကိုယ့်ဘေးနားထာဝရမရှိနိုင်ဘူး။
အဖေတို့လည်း ငါ့သားငယ်ကိုတစ်နေ့ကျထားသွားရဦးမယ်။
အဲ့ဒီအချိန်မှာ ဘယ်သူ့ကိုမှ မှီခိုစရာမလိုတဲ့လူ ဖြစ်အောင်ကြိုးစား။
ဘယ်သူမှ မရှိလည်း ဖြစ်တဲ့ဘဝ ကိုကြိုးစား သားငယ်။
မြက်ပင်နဲ့ တူတဲ့လူ...... အဖေတို့ခြံထဲက
မြက်ပင်တွေကိုကြည့်စမ်းပါဦးသားငယ်။
အဖေတိုါနှစ်တိုင်း ရိုတ်တယ်၊ ရှင်းတယ်၊ပေါင်းသတ်ဆေးဖျန်းတယ်။ဒါပေမဲ့ မိုးကျ လာရင် ဒီကောင်တွေ ပြန်ရှင်လာကျရော။
နောက်ဆုံး ဒီကောင်တွေကို လိုက်ရှင်းရတဲ့ အဖေတို့သာ မောသွားကြတယ်။ဒီကောင်တွေက အေးဆေး။
ဒီလိုပဲ သားဘဝမှာ မြက်ပင်လေးတွေကို အတုယူသင့်တယ်။ဘယ်သူတွေ တတ်နင်းသွားပါစေ မမှုဘူး။
ဘယ်လောက်ပဲ ရိတ်သိမ်းခံရပါစေ မကြောက်ဘူး။ပြန်ရှင်သန်မယ်။ထပ်စိမ်းလန်းမယ်။ပြန်လည်ရှင်သန်းခြင်းကိုက မြက်ပင်တွေရဲ့ အလှတရားပဲ။ ငါ့သားငယ်ဘဝမှာ ကိုယ့်ကိုဖိနှိပ်ချင်တဲ့လူတွေ၊ နင်းချချင်တဲ့လူတွေ အများကြီး ကြုံရမယ်။
ဒါကို ကြောက်ပြီး ကိုယ့်အိမ်မက်တွေ၊ရည်မှန်းချက်တွေကို လက်မလျှော့ရဘူး။
ပြန်ကြိုးစားမယ်၊အသစ်ကပြန်စမယ်၊
အစက ပြန်လုပ်ရမယ်။
ဘယ်လောက်ပဲ ဖိချခံရပါစေ. ပြန်လည်ရှင်သန်ရမယ်
ဆိုတဲ့ စိတ်ကို ထည့်ထား။
နောက်ဆုံး ငါ့သားကို နင်းခြေချင်တဲ့လူတွေဟာ မောပန်းသွားကြလိမ့်မယ်။ ကိုယ်ဟာ စိမ်းလန်းဆဲ၊ ရှင်သန်းကြီးထွားဆဲ မြက်ပင်လေးပေါ့။
ညောင်ပင်ကြီးနဲ့ တူတဲ့လူ......
ငါ့သား ဘဝမှာ ညောင်ပင်ကြီးလို
နေထိုင်ရမယ်။ အမြင်မှာလေတိုက်တာ ခံရမယ်။
နေပူဒဏ်ခံရတယ်။ ဒါပေမဲ့ သူလဲမကျသွားဘူး။
သူ့ရိမ်မှာ ခိုနားသူတွေကို အရိမ်ပေးတယ်။
ငှက်ကလေးတွေကိုခိုလှုံရာ အိမ်ကလေးပေးတယ်။
ငါ့သား နံပါတ်တစ်ကို ရောက်ဖို့က မခတ်ခဲဘူး။ ညဏ်နဲ့ လုံးလ ဝီရိယ ပေါင်းစမ်လိုက်ရင် ထိပ်ဆုံးကို ရောက်လာမှာပဲ။
ဒါပေမဲ့ ထိမိဆုံးမှာ ရပ်တည်ဖို့က
အရမ်းခက်ခဲတယ်။ကိုယ့်ကို တိုက်ခိုက်ကြမယ်
နာမည်ဖျက်ချင်ကြမယ်၊ အောက်ခြေကနေ ရိုက်ချိုးချင်ကြမယ်။
အပင်‌မြင့်လေ လေတိုက်လေပေါ့ ငါ့သားရယ်ဒါပေမဲ့ အောက်ခြေခိုင်နေရင် ဘယ်တော့မှ မပြိုလဲဘူး။
လေဘယ်လောက် ကြမ်းကြမ်း၊
နေဘယ်လောက်ပူပူ ညောင်ပင်ကြီးဟာ
ဂရုမစိုက်ဘူး။ ငါ့သားဆီမှာ အတွေ့အကြုံတွေ၊ ပညာတွေနဲ့ပြည့်ဝနေတဲ့အခါ ဘယ်သူတွေပဲ ဘယ်လိုတိုက်ခိုက်ကြပါစေ မကျရှုံးနိင်ဘူး။
ငါ့သားဘဝမှာ ဖြတ်လမ်းနည်းကို ဘယ်တော့မှ မလိုက်နဲ့
တစ်ဆင့်စီသာကြိုးစား။
ထိပ်ဆုံးရောက်တဲ့အခါလည်း
လွယ်လွယ်ပြုတ်မကျနိုင်တော့ဘူး။
ညောင်ပင်ကြီးလိုပဲ၊ ကိုယ်ကိုယ်တိုင်က
ပြည့်ဝတဲ့အခါကိုယ့်ဘေးက လူတွေကို အရိမ်ပေးနိုင်တယ်
ခိုလှုံစေနိုင်တယ်။
သစ်တစ်ပင်ကောင်းငှက်တစ်သောင်း
နားနိုင်တဲ့ ငါ့သား။ကိုယ်ကပြည့်စုံတဲ့အခါ
လူအများကြီးကို အကူအညီ ပေးနိုင်တာပေါ့။
ဒီတော့ ငါ့သားဘဝမှာ ဘယ်လိုအပင်မျိုးဖြစ်ချင်လဲ။ ဘယ်လိုပြုမူ နေထိုင်ချင်လဲ။ငါ့သားငယ် ရွေးချယ်ပါ။
အဖေ့ရဲ့ဆုံးမ စကားလေးအတိုင်း
အခု ချိန်ထိ ကျင့်ကြံနေထိုင်တယ်။
ကြိုးစားသမျှ အရာမထင်တဲ့အခါ မြက်ပင်လေးကို အတုယူတယ်
တိုက်ခိုက်မှုတွေကြုံလာတဲ့အခါ
ညောင်ပင်ကြီးလိုနှလုံးသွင်းတယ်
အမြင့်ကိုရောက်ဖို့ကြိုးစားတဲ့အခါ
အခြေခိုင်ဖို့ဦးစားပေးတယ် ဘူးပင်လိုလူမျိုးဘယ်တော့မှ
မဖြစ်ချင်ခဲ့ပါဘူး။

image