2 w - Translate

Pro မော်ဒယ်အသစ်နဲ့ ခေါက်ဖုန်းကို 2027 မှာ တွေ့ရမယ်
Mark Gurman ကနေ Apple Device တွေအကြောင်း ထပ်မံဖော်ပြလာချက်အရ Apple ဟာ 2027 မှာ iPhone Pro မော်ဒယ်အသစ်နဲ့အတူ ခေါက်ဖုန်းနဲ့ Smart Glasses တို့ကိုပါ မိတ်ဆက်လာနိုင်တယ်လို့ ဆိုပါတယ်။
iPhone Pro မော်ဒယ်အသစ်ကတော့ Apple ရဲ့ နှစ် ၂၀ ပြည့်အထိမ်းအမှတ်အနေနဲ့ ထုတ်သွားမှာပါ။ ဒီဖုန်းအသစ်က မှန်ခုံးပုံစံဖြစ်ဖို့များပြီး under-display Face ID နည်းပညာအသစ်နဲ့ လာမှာပါ။

တော်တော်များများစောင့်နေကြတဲ့ ခေါက်ဖုန်းလည်း ထိုနည်း၄◌င်းပါပဲ။ Samsung Display နည်းပညာကို ယူသုံးမှာဖြစ်ပြီး ပြိုင်ဘက်ခေါက်ဖုန်းများနဲ့ အတော်လေးကွာခြားမယ်လို့ ဆိုပါတယ်။
နောက်ပြီး Smart Glasses တွေကိုတော့ 2027 မှာ ပထမဆုံးမိတ်ဆက်သွားပါဦးမယ်။ ဒီမျက်မှန်တွေက Ray-Ban Meta မျက်မှန်တွေနဲ့တော့ အနည်းငယ်ဆင်တူပြီး Apple Intelligence ပါဝင်သွားမယ့်အပြင် Visual Intelligence လုပ်ဆောင်ချက်အများအပြားကိုလည်း ပံ့ပိုးပေးထားတယ်လို့ ဆိုပါတယ်။

Visual Intelligence နဲ့ပတ်သက်ပြီးတော့လည်း Apple ဟာ Built-in Camera ပါဝင်တဲ့ Apple watch နဲ့ AirPods မော်ဒယ်အသစ်တွေကိုလည်း ဖန်တီးနေတယ်လို့ ဖော်ပြထားပါတယ်။

image