3 ပတ် - ဘာသာပြန်ပါ။

သုခဒဂုံအငှားအိမ်ရာမှ တိုက် ၄ လုံးကို မကြာမီ မဲနှိုက်နေရာချပေးမည်
ရန်ကုန်၊ ဇွန် ၉
ဒဂုံမြို့သစ်(တောင်ပိုင်း)က သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ထပ်မံပြီးစီးတဲ့ တိုက် ၄ လုံးကို မကြာမီ မဲနှိုက်နေရာချထားပေးမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြေညာထားပါတယ်။
မဲနှိုက်ခွင့်ရရှိတဲ့ မြို့နယ်နဲ့ ဌာနဆိုင်ရာ အမည်တွေကို ဇွန်လ ၁၀ ရက်နေ့မှာ ထပ်မံကြေညာပေးမယ်လို့ ဆိုပါတယ်။
အိမ်ရာအတွင်း တိုက်ခန်းနဲ့ ဆိုင်ခန်းတွေကို ဝယ်ယူခွင့်ရမယ်ဆိုပြီး လိမ်လည်သူတွေ၊ တိုက်ခန်းငှားရမ်းရမယ်ပြောပြီး လိမ်ညာနေတာတွေကို သတိပြုကြဖို့ အိမ်ခန်းနေရာချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက အသိပေးထားပါတယ်။
သုခဒဂုံအိမ်ရာက မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲတဲ့ ပြည်သူ့အငှားအိမ်ရာဖြစ်ပြီး အိမ်ခန်းတွေကို ထပ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းငှားရမ်းခြင်း ပြုလုပ်ခွင့်မရှိဘူးလို့ ဆိုပါတယ်။
အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ရရှိသူနဲ့ အိမ်ခန်းစာချုပ်ပါ နေထိုင်ခွင့်ရရှိသူမှအပ အခြားသူတွေကို နေထိုင်ခွင့်ပြုမထားသလို ငှားရမ်းခွင့်ရှိသူကိုယ်တိုင် နေထိုင်ခြင်းမပြုဘဲ အခန်းပိတ်မထားရလို့ ကြေညာထားပါတယ်။
သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ပါက ငှားရမ်းခွင့်ပြုထားတဲ့ အိမ်ခန်းကို ပြန်လည်သိမ်းယူမယ့်အပြင် မူလအိမ်ငှားဦးစီးကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်ထားမှုအရ တစ်လငှားရမ်းခနှုန်းထားတွေအဖြစ် ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ် ၄၆,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။

image
image
image
image