🍤🌶️ပုစွန်ပိစိလေးတွေနဲ့ မျှစ်နုနု ရှူးရှဲဟင်း🍤🌶️
🍤မနေ့ညကFBမှာ ပုစွန်နဲ့မျှစ်ဟင်း ချက်စားတာတွေ့လိုက်ရပြီးတဲ့နောက် အရမ်းစားချင်သွားလို့ ဒီနေ့ မနက်စျေးအပြေးလေးသွားပြီး ပါဝင်ပစ္စည်းတွေပြေးဝယ်ပြီး ချက်စားထားတာလေးပါ။
🍤ကြက်သွန်ဖြူနီကို ဆနွင်း၊ငရုတ်အရောင်တင်မှုန့်နဲ့ ဆီလေးသတ်ပြီး ပုစွန်ငပိလေးထည့် ငံပြာရည်လေးထည့် သကြားလေးပိစိထည့် သေချာနှံ့အောင်မွှေပေးပါတယ်။(အချိူမှုန့်မသုံးတဲ့အတွက်သကြားထည့်သုံးတာဖြစ်ပါတယ်ရှင်)
🍤ခဏနေရင် ပုစွန်လေးတွေထည့်ပြီး ငါးအသားမှုန့်အနည်းငယ်ထည့်ပြီးမွှေပေးပါတယ်။
🍤ပုစွန်တွေကျက်လောက်ရင်တော့ မျှစ်လေးတွေထည့်၊ ငရုတ်သီးစိမ်း၂တောင့်လောက်ညှပ်ထည့်လိုက်ပြီး သမအောင်မွှေပေးပါတယ်။
🍤ပြီးရင်တော့ သောက်ရေခွက်တစ်ခွက်စာရေထည့်ပြီး တည်ထားပေးလိုက်ပါတယ်။
🍤၁၀မိနစ်လောက်ပွက်ပွက်ဆူအောင်တည်ထားပြီးရင် အရသာမြည်းကြည့်ပြီးလိုအပ်သလိုပြုပြင်လိုက်ပါတယ်။
🍤နောက်ဆုံးမှာတော့နံနံပင်လေးတွေအုပ်ပေးပြီး ခဏမွှေပြီးရင် ငပိနံ့မွှေး၂လေးနဲ့ ပုစွန်မျှစ်ရှူးရှဲဟင်းတစ်ခွက်ရပါပြီရှင်။
🍤ထမင်းမြိန်လွန်းလို့ ကြိုက်နှစ်သက်တယ်ဆို ချက်စားကြည့်ပါနော်😍

image