ASUS ROG နဲ့ Xbox ပေါင်းထုတ်လိုက်တဲ့ Handheld Gaming Console အသစ်တွေ
.
Microsoft ကနေ အခု ASUS ROG နဲ့ပူးပေါင်းထားတဲ့ ROG XBOX ALLY နဲ့ ALLY X ဆိုပြီး Gaming Handheld Console အသစ် (၂) ခုကို မိတ်ဆက်လိုက်ပါတယ်။
ဒီ ROX XBOX ALLY တွေရဲ့ အဓိကထူးခြားချက်က လက်ရှိ Windows Handheld Console တွေလိုမျိုး Windows OS ကို Default အနေနဲ့ သုံးနိုင်မှာမဟုတ်ပဲ တကယ့် "Full-screen Xbox Experience" ကိုပဲ သုံးနိုင်မှာပါ။
ဘယ်လိုမျိုးလဲဆိုရင် Windows ကို အခြေခံထားတုန်းဆိုပေမယ့် စပြီး စက်ဖွင့်လိုက်တာနဲ့ Boot Screen ကအစ Custom ဖြစ်နေမယ်၊ ပြီးတော့ Windows မှာပါတဲ့ Handheld တွေအတွက် အသုံးမဝင်တဲ့ Desktop Wallpaper တွေ၊ Taskbar နဲ့ တခြား ကွန်ပျူတာတွေအတွက်ပဲ အသုံးကျတဲ့ Process တွေကို မြင်ရမှာမဟုတ်ဘူး။ အဲ့ဒီအစား ဘာမြင်ရမလဲဆိုရင် Xbox App ကို ဖွင့်သုံးနေသလို Xbox Full-screen Experience Interface ကိုပဲမြင်ရမယ်။
ဒီ Xbox Full-screen Experience မသုံးချင်ရင်တော့ ပိတ်ပြီး ပုံမှန် Windows လိုမျိုးပဲ သုံးချင်ရင်တော့ သုံးလို့ရဦးမယ်။ ဒါပေမယ့် Windows Feature တွေကို မသုံးပဲ Xbox Full-screen Experience ကိုပဲ သုံးနေရင် RAM စားတဲ့အပိုင်းမှာလည်း 2GB လောက်သက်သာမယ်၊ ပြီးတော့ Sleep လုပ်ထားတဲ့အချိန်မှာလည်း ပုံမှန် Windows Mode မှာ Sleep လုပ်တာထက် ၃ ပုံ ၁ ပုံပဲ ပါဝါစားတော့မယ်။ ဆိုတော့ Handheld ကို ဂိမ်းဆော့ဖို့ပဲ သုံးမယ်၊ ကွန်ပျူတာလို သုံးစရာမလိုရင် ပိတ်ထားပြီး Xbox Full-screen Experience နဲ့ သုံးရုံပဲ။
ပြီးတော့ အခု Xbox Full-screen Experience က Multitasking ပိုင်းတွေ ဘာတွေကိုလည်း သေချာလုပ်ပေးထားတယ်၊ Xbox Button အသစ်ပါလာတဲ့အပြင် ဂိမ်းတွေကိုလည်း Xbox PC က ဂိမ်းတွေတင်မဟုတ်ပဲ Xbox Console က ဂိမ်းတွေကို Stream ပြီး ဆော့တာမျိုး၊ Steam လိုမျိုး Third-party Store က ဂိမ်းတွေကိုလည်း တစ်နေရာတည်းမှာ ပြပေးနိုင်တယ်။
Specs တွေအနေနဲ့ဆိုရင်တော့ ROG XBOX ALLY နဲ့ ALLY X ဆိုပြီး ၂ မျိုးမှာ ALLY က 720p Gaming ကိုပဲ ရည်ရွယ်ထားတယ်၊ AMD Ryzen Z2 A Processor | RAM 16GB LPDDR5X 6400MHz နဲ့ 512GB Storage ပါမယ်။ Battery က 60Wh ထည့်ပေးထားတယ်။
ALLY X ကြတော့ AMD Ryzen Z2 Extreme Processor ဖြစ်သွားမယ်၊ RAM 24GB LPDDR5X 8000MHz အပြင် 1TB SSD ပါမယ်။ ထူးခြားတာတစ်ခုက ALLY X ကပဲ USB 4 ကို ထောက်ပံ့ပေးထားတယ် - ဆိုတော့ Thunderbolt 4 အတိုင်း External GPU ဘာညာတွဲသုံးလို့ရမယ်။ Battery လည်း ပိုများတဲ့ 80Wh Battery ပါလာပြီ။ အဲ့အပြင် Xbox Controller အတိုင်း Impulse Trigger တွေကိုပါ ထည့်ပေးထားသေးတယ်။
ပြီးတော့ ဒီဇိုင်းပိုင်းမှာ ROX XBOX ALLY တွေက အရောင်ကလွဲပြီး အတူတူပဲ၊ Display Size ကလည်း အရှေ့က ALLY တွေလိုမျိုးပဲ 7" FHD 120Hz IPS LCD Display ပဲ။ တချို့ Button တွေ၊ Port တွေထားတဲ့ပုံကလည်း ROG ALLY တွေနဲ့ တူတယ်။
မတူတာက ဘေးက ကိုင်ရတဲ့ Grip တွေက Xbox Controller ကို ကိုင်နေရသလို ခံစားရအောင်လုပ်ပေးထားတယ်။ ကြည့်လိုက်ရင် တခြား Handheld တွေထက် ပိုကြီးပြီး ပိုထူနေသလိုဖြစ်သွားပေမယ့် တကယ်ကိုင်ဆော့ရင် ပိုကောင်းမလားတော့ စမ်းကြည့်မှပဲ သိရမှာပဲ။ တခြား Handheld တွေထက် ရုပ်ပိုဆိုးသွားပေမယ့် တကယ်ကိုင်လို့ ပိုကောင်းရင်တော့ မဆိုးဘူးပေါ့။
အခု ROX XBOX ALLY Handheld တွေက မိတ်ဆက်သွားပေမယ့် လောလောဆယ်မှာ ဘာမှသေချာအတိအကျပြောသွားတာမရှိသေးဘူး၊ နောက်ပိုင်းမှာ တခြား Handheld တွေကိုပါ Full-screen Xbox Experience ကို ထုတ်ပေးဖို့ အစီအစဥ်ရှိမယ်၊ စျေးနှုန်းလည်း မကြေညာသွားသလို ရောင်းမယ့်အချိန်ကလည်း နှစ်ကုန်ပိုင်းလောက်မှပဲ ဖြစ်မယ်ဆိုပြီး အကြမ်းဖျင်းပြောသွားတယ်။
Microsoft ဘက်က ဒီလိုပြန်လုပ်နေရတာကလည်း လက်ရှိမှာ Nintendo Switch 2 လို အရမ်းအောင်မြင်ဦးမယ့် Handheld တွေထွက်ထားပြီ၊ Valve ကလည်း SteamOS ကို Public ထုတ်ပေးလိုက်ပြီး Lenovo Legion Go S လိုမျိုးမှာဆိုရင် Windows Version ထက် SteamOS သုံးထားတဲ့ Version က Frame Rate တွေရော၊ Battery Optimization ပါ ပိုသာနေတော့ Handheld ကို Windows တင်ပေးလိုက်ရုံနဲ့ မရတော့မှန်း သိသွားပုံပါပဲ... 🫠
