3 ပတ် - ဘာသာပြန်ပါ။

အတိတ်ဆိုတာ ဘယ်မှာရှိလဲ ရင်ထဲမှာ ရှိတယ်
အဲတာကလည်း တင်စားပြောရတာပါ
စိက်ထဲမှာ ရှိတာပါ ဒီစကားဟာလည်း မမှန်ပါဘူး
အကြောင်းဆုံလို့ ပေါ်လာတာပါ
ကောင်းကင်မှာ လက်ခနဲ့ ပေါ်လာတဲ့ လျှပ်စပ်ဟာ
ဘယ်မှာရှိသလဲ မပေါ်ခင်မှာလည်း မရှိဘူး
ပေါ်ပြီးတော့လည်း မရှိဘူး
အကြောင်းအရင်းဆုံခိုက်ပေါ်လာတယ်
အတိတ်ဆိုတာဟာလည်း ဒီလိုပါပဲ
ဒါပေမယ့် ကျွန်တော်တို့က ရှိတယ်ဆိုပြီး
ဖက်တွယ်ထားကြတယ် ။
လူဆိုတာဟာ ခံစားတတ်တဲ့သတ္တဝါပဲ
ရယ်စရာရှိရင် ရယ်မယ်
ငိုစရာရှိရင် ငိုမယ်
ငိုစရာရှိရက်နဲ့ ငိုခွင့်မရှိတဲ့လူတွေလည်း
ဒီလောကမှာရှိတယ်
ဥပမာ ကျွန်တော်တို့လို
ယောကျ်ားတွေပေါ့
ကျွန်တော်တို့မှာ ငိုခွင့်က သိပ်မရှိဘူး ။
" စိန်ပန်းကို တော်၀င်ပန်းလို့
ဘယ်သူကမှ မသတ်မှတ်ဘူး ။
ဘယ်သူကမှလည်း မြတ်မြတ်နိုးနိုး ခေါင်းမှာမဆင်ဘူး ။ ဒါပေမဲ့ သူက ၀တ္တရားမပျက်ဘဲ
လေထန်ထန် မိုးမှောင်မှောင်ထဲမှာ
လောကကို အလှဆင်တတ်တယ် ။ ”
#မေတ္တာများနဲ့စိန်ပန်းနီနီ #တက္ကသိုလ်ဘုန်းနိုင်

image