3 ပတ် - ဘာသာပြန်ပါ။

#ဆက်ရန်ရှိ

Neptune (နက်ပကျွန်း) ဂြိုဟ် ဟာ ကျွန်တော်တို့ နေအဖွဲ့အစည်း Solar System အတွင်းမှာ နေမှစတင်ရေတွက်လျှင် အဋ္ဌမမြောက်ဂြိုဟ် ဖြစ်ပါတယ်။
နေနဲ့ အဝေးဆုံးမှာရှိတဲ့ ဂြိုဟ်တစ်လုံးဖြစ်ပြီး ရေခဲနဲ့ ဖွဲ့စည်းထားတဲ့ ဧရာမဂြိုဟ်ကြီး Ice Giant အမျိုးအစား ဖြစ်ပါတယ်။
သူ့ရဲ့ထူးခြားတဲ့ နက်ပြာရောင်သန်းနေတဲ့ အရောင်အသွေးကြောင့် "ပင်လယ်ပြာရောင်ဂြိုဟ်" (The Blue Planet) လို့လည်း လူသိများပါတယ်။
Neptune ကို တယ်လီစကုပ်နဲ့ ကြည့်မယ်ဆိုရင် နက်ပြာရောင်တောက်ပနေတာကို မြင်ရမှာဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ သူ့ရဲ့လေထုထဲမှာ မီသိန်း (Methane) ဓာတ်ငွေ့ အများအပြား ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။
မီသိန်းဓာတ်ငွေ့ဟာ အနီရောင်အလင်းကို စုပ်ယူပြီး အပြာရောင်အလင်းကို ပြန်လည်ဖြာထွက်စေတာမို့ ဂြိုဟ်တစ်ခုလုံး အပြာရောင် လှလှပပ မြင်နေရတာ ဖြစ်ပါတယ်။
Neptune ရဲ့ အင်္ဂလိပ်နာမည် Neptune ဟာ ရောမလူမျိုးတွေရဲ့ သမုဒ္ဒရာနတ်ဘုရား Neptune ကို အစွဲပြုပြီး ပေးထားတာဖြစ်ပြီး သူ့ရဲ့နက်ပြာရောင်က ပင်လယ်သမုဒ္ဒရာရဲ့ အရောင်ကို ကိုယ်စားပြုတယ်လို့ ရှေးလူများက ယူဆခဲ့ကြပါတယ်။
Neptune ရဲ့ အရွယ်အစား ဟာ ကမ္ဘာထက် လေးဆခန့် ပိုကြီးပါတယ်။ အချင်းအားဖြင့် ကမ္ဘာ့အချင်းရဲ့ ၃.၈၈ ဆ ခန့်ရှိပြီး နေအဖွဲ့အစည်းရဲ့ စတုတ္ထအကြီးဆုံးဂြိုဟ် ဖြစ်ပါတယ်။ သူ့ရဲ့ထုထည်ဟာ ကမ္ဘာ့ထုထည်ရဲ့ ၁၇ ဆ ခန့် ရှိပါတယ်။
Neptune ဟာ အဓိကအားဖြင့် ရေ၊ အမ်မိုးနီးယား (Ammonia) နဲ့ မီသိန်းတို့လို အငွေ့ပျံလွယ်တဲ့ ရေခဲတွေနဲ့ ဖွဲ့စည်းထားပါတယ်။ သူ့မှာ သိပ်သည်းတဲ့ ကျောက်တုံးနဲ့ သတ္တုနျူကလိယ rocky and metallic core တစ်ခုရှိပြီး ယင်းကို ရေခဲ၊ ကျောက်တုံးနဲ့ သတ္တုတွေ ရောနှောထားတဲ့ ဒြပ်ထုကြီးက ဖုံးအုပ်ထားပါတယ်။
ဒီအတွင်းဗဟို အလွှာကို "ice mantle" (ရေခဲအလွှာ) လို့လည်း ခေါ်ဆိုကြပြီး အလွန်ပူပြင်းပြီး ဖိအားမြင့်မားတဲ့ အရည်အခြေအနေမှာ ရှိနိုင်တယ်လို့ ယူဆရပါတယ်။
Neptune ရဲ့ လေထု ကတော့ ဟိုက်ဒရိုဂျင် (Hydrogen) ၈၀% ခန့်၊ ဟီလီယမ် (Helium) ၁၉% ခန့်နဲ့ မီသိန်း ၁% ခန့်တို့နဲ့ ဖွဲ့စည်းထားပါတယ်။ နေနဲ့အဝေးဆုံးမှာရှိတာကြောင့် အလွန်အေးပြီး မျက်နှာပြင်အပူချိန်က -၂၁၈ ဒီဂရီစင်တီဂရိတ် (-၃၆၀ ဒီဂရီဖာရင်ဟိုက်) ဝန်းကျင်အထိ ကျဆင်းနိုင်ပါတယ်။
Neptune ဟာ နေကို တစ်ပတ်ပတ်ဖို့ ကမ္ဘာနှစ်ပေါင်း ၁၆၅ နှစ် ကြာမြင့်ပါတယ်။ ဒါကြောင့် ၁၈၄၆ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီးကတည်းက သူ့ရဲ့ ပထမဆုံး နေကို တစ်ပတ်ပြည့်အောင် ပတ်ခဲ့တာဟာ ၂၀၁၁ ခုနှစ် ဇူလိုင်လမှာမှ ဖြစ်ပါတယ်။
သူ့ရဲ့ တစ်ရက်တာကာလ (ဂြိုဟ်ကိုယ်တိုင် တစ်ပတ်လည်ချိန်) ကတော့ ကမ္ဘာ့အချိန် ၁၆ နာရီခန့်သာ ရှိပြီး အလွန်လျင်မြန်စွာ လည်ပတ်နေတာကို ပြသပါတယ်။မုန်တိုင်းတွေဖြစ်ပေါ်ရတာက ဒီလိုလျင်မြန်စွာလည်ပတ်နေတာကြောင့်ပါ။

image