H.P. Love-craft’s Wit-ch Hou-se (2022)
ဇာတ်လမ်းက တစ္ဆေ သရဲဇာတ်လမ်းလိုလည်း ဆိုလိုရသလိုလိုရှိပေမယ့် အဲဒီထက်အများကြီး ဆန်းကြယ်ပါတယ်။ ပြောရရင် ကျွန်တော်တိုဆီက အင်းတွေ ဘာတွေလိုပဲ Geometry ပညာရပ်မှာ စွမ်းအားရှိတယ်လို ယုံကြည်ထားတဲ့ အယူအဆကို မီးမောင်းထိုးပြထားတာပါ။ Geometry ပညာရပ်ကနေ မယုံနိုင်စရာ ကောင်းတဲ့ သဘာဝလွန်အရာတွေကို ယူဆောင်လာပေးနိုင်တယ်လို ဘွဲလွန်စာတမ်း ပြုစုနေတဲ့ ကျောင်းသူစတစ်ယောက်ဟာ ထူးဆန်းတဲ့အိမ်ကြီးတစ်အိမ်ကို ပြောင်းနေရာက အိမ်ကြီးရဲ့ Geometry နည်းကျ ဗိသုကာမှာ စွမ်းအားတွေ ကိန်းအောင်းနေတဲ့အကြောင်းကို လေ့လာပြီး စာတမ်းပြုစုတဲ့အကြောင်း ရုပ်ရှင်ပေါ့။ ဇာတ်ဟာ အလှည့်အပြောင်းတွေများသလို ကိုယ့်မျက်လုံး ကိုယ်ခွာထုတ်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ Jump scare ဆန်ဆန်တွေရော အကုန်ရောသမမွှေထားပြီး ညဘက်မှာ မီးမှိတ်ပြီး တသိမ့်သိမ့်နဲ့ ကြောက်ဖို ကြည့်ရမယ့် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။
