3 w - Translate

လေဖြန်းနေတဲ့ မဘိုမကို ချက်ချင်း လမ်းပြန်လျှောက်နိုင်အောင် ကုသပေးပြီး ငွေကျပ် ၁၅ သိန်းကူခဲ့တဲ့ ထူးခန့်ကျော်
ပါရမီဖြည့်ပြီး ကုသပေးနေတယ်ဆိုတဲ့ သရုပ်ဆောင် ထူးခန့်ကျော် က အာရုံကြောထိပြီး လေဖြန်းနေတဲ့ မဘိုမကို ကုသပေးပြီးနောက်မှာ ချက်ချင်းလမ်းပြန်လျှောက်နိုင်ခဲ့တယ်ဆိုပြီး Live လွှင့်ခဲ့ပါတယ်။ မဘိုမဟာ ထူးခန့်ကျော်ဆီပြသချင်ပေမယ့် လမ်းစရိတ်ငွေကြေးအခက်အခဲကြောင့် မပြသနိုင်တာလို့ အင်တာဗျူးမှာဖြေကြားခဲ့တာကြောင့် လမ်းစရိတ်လဲမလို စားစရိတ်ပါ ထောက်ပံ့ပေးမယ်ဆိုပြီး ဖိတ်ခေါ်လိုက်တာပါ။ ဒီကနေ့မှာတော့ သူမဟာ လမ်းကိုကောင်းကောင်းပြန်လျှောက်သွားနိုင်ပြီဆိုတာကို ထူးခန့်ကျော်က ဗီဒီယိုဖိုင်နဲ့ သက်သေပြခဲ့ပါတယ်။ အလာတုန်းက ပါးစပ်ရွဲ့ကာ အကူတွေနဲ့လာခဲ့ရတဲ့ မဘိုမကို မကောင်းတဲ့အကြောင်းတရားတွေကိုလည်း ထုတ်ပေးခဲ့တယ်လို့ ထူးခန့်ကျော်ကပြောပါတယ်။ ဒါ့အပြင် ငွေကျပ် ၁၅ သိန်းပါ ထောက်ပံ့ပေးလိုက်တာပါ။

image