3 w - Translate

တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းများအတွက် တရုတ်နှင့် ဆက်လက်ပူပေါင်းဆောင်ရွက်မည်ဟု နစကဥက္ကဋ္ဌပြော
ရန်ကုန်၊ ဇွန် ၉
တရုတ်-မြန်မာစီးပွားရေးစင်္ကြံတစ်လျှောက်က စီမံကိန်းတွေမှာ အဆင်ပြေချောမွေ့စွာ အကောင်အထည်နိုင်ရေးအတွက် တရုတ်နိုင်ငံနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ဇွန်လ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်မြောက် အခမ်းအနားမှာ အထက်ပါအတိုင်း ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းနဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းတွေ အကောင်အထည်ဖော်တဲ့ နေရာမှာ အရေးပါတဲ့ ပထဝီဝင်အနေအထားမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အဆိုပါစီမံကိန်းတွေကို ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ပါက နှစ်နိုင်ငံပြည်သူတွေ အတူတကွ စဉ်ဆက်မပြတ် သာယာဝပြော ဖွံ့ဖြိုးတိုးတက်စေနိုင်မယ့် အခွင့်အလမ်းပေါင်းများစွာ ရရှိစေနိုင်မယို့ ယုံကြည်ကြောင်းလည်း ဆက်ပြောပါတယ်။
တရုတ်-မြန်မာစီးပွားရေးစင်္ကြံဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်မှာ ကြေညာခဲ့တဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ (BRI) ရဲ့ အစိတ်အပိုင်းဖြစ်ပြီး ယူနန်ပြည်နယ်၊ ကူမင်းမြို့နဲ့ မြန်မာနိုင်ငံက မူဆယ်၊ မန္တလေး၊ ရန်ကုန်နဲ့ ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်သွားဖို့ ရှိပါတယ်။
စီးပွားရေးစင်္ကြံစီမံကိန်းများအတွက် ရထားလမ်၊ ကားလမ်း၊ အထူးစီးပွားရေးဇုန်တွေ၊ ဆိပ်ကမ်းတွေ၊ အဆင့်မြင့်နယ်စပ်ဂိတ်တွေ၊ ကုန်လှောင်ရုံတွေ၊ စက်မှုဇုန်တွေနဲ့ မြို့သစ်စီမံကိန်းတွေ ပါဝင်နေပါတယ်။
ဆက်လက်ပြီး နစကဥက္ကဋ္ဌက တရုတ်နိုင်ငံအနေနဲ့ မိမိတို့နိုင်ငံအပေါ် စဉ်ဆက်မပြတ် အပြုသဘောဆောင်တဲ့ ထိတွေ့ဆောင်ရွက်မှု၊ စိတ်ကောင်းစေတနာနဲ့ အားပေးထောက်ခံမှုများအတွက် များစွာ တန်ဖိုးထား ကျေးဇူးတင်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအရေးကိစ္စနဲ့ ပတ်သက်ရင် နိုင်ငံတကာစာမျက်နှာမှာ ရပ်တည်ထောက်ခံပေးလျက်ရှိတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုခဲ့ပါတယ်။

image