#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကိုလံဘီယာသမ္မတရွေးကောက်ပွဲ၌ ပါဝင်နိုင်ဖွယ်ရှိသည့် အထက်လွှတ်တော်အမတ် ပစ်ခတ်ခံရ
သမ္မတရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ်ရှိသော ကိုလံဘီယာ အထက်လွှတ်တော်အမတ် မီဂဲလ်ယူရစ်သည် ဇွန် ၇ ရက်တွင် ဘိုဂိုတာမြို့တော်၌သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။
အသက်(၃၉)နှစ်အရွယ် အထက်လွှတ်တော်အမတ် မီဂဲလ်ယူရစ်သည် သမ္မတရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်ရေး အစီအစဉ်အရ ကျင်းပနေသော အခမ်းအနားတစ်ခု၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မီဂဲလ်ယူရစ်ကိုဆေးရုံ၌ အသက်လုကုသနေရကြောင်း ၎င်း၏ဇနီးသည်ဖြစ်သူ မာရီယာကလော်ဒီရာ တာရာဇိုနာက လူမှုမီဒီယာစာမျက်နှာပေါ်တွင် အတည်ပြုရေးသားထားသည်။
အထက်လွှတ်တော်အမတ် မီဂဲလ်ယူရစ်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအဖြစ် ယူဆရသောအမျိုးသားတစ်ဦးကို အခင်းဖြစ်ပွားရာတွင် ဖမ်းဆီးနိုင်ခဲ့ပြီးဖြစ်စဉ်အတွင်း အခြားသူများပါဝင်မှုရှိ/မရှိကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ကိုလံဘီယာကာကွယ်ရေးဝန်ကြီး ပက်ဒရိုဆန်းချက်ဇ်က ပြောကြား ထားသည်။
အထက်လွှတ်တော်အမတ်မီဂဲလ်ယူရစ်သည် ၂ဝ၂၆ ခုနှစ်တွင် ကျင်းပမည့် ကိုလံဘီယာသမ္မတရွေးကောက်ပွဲ၌ အတိုက်အခံ ဗဟိုဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရန် စီစဉ်နေသော်လည်း ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် ပါဝင်စဉ်စားပြုသမ္မတလောင်းအဖြစ် တရားဝင် ရွေးချယ်ခံရခြင်း မရှိသေးပေ။
မီဂဲလ်ယူရစ် ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍သတင်းပေးပါက အမေရိကန် ဒေါ်လာ ၇၃ဝဝဝဝ ဆုတော်ငွေပေးမည်ဖြစ်ကြောင်း ကိုလံဘီယာအစိုးရက ကြေညာထားသည်။
မီဂဲလ်ယူရစ် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ရှုတ်ချထားသည်။
ရိုက်တာ

image