3 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼သံတွဲမြို့အနီးအင်အား ၄ ဒသမ ၉ အဆင့်ရှိငလျင်လှုပ်
ယနေ့(ဇွန် ၉ ရက်) နံနက် ၉ နာရီ ၄၄ မိနစ်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီး၌ အင်အားရစ်ခ်တာ စကေး ၄ ဒသမ ၉ အဆင့်ရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒသုတေသနအဖွဲ့ (USGS) ကထုတ်ပြန်သည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီး၊ ဧရာ၀တီတိုင်း၊ မြန်အောင်မြို့အနောက်ဘက် ၇၆ ကီလိုမီတာ အကွာ ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဂွမြေငလျင် စခန်းမှ အရှေ့မြောက်ဘက် မိုင် ၉၀ ခန့်ကွာဝေးသော ပြည်မြို့၏ အနောက်ဘက် ၁၁ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၈ ဒသမ ၈၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၀၅ ဒီဂရီ၊ အနက် ၇၇ ကီလိုမီတာကိုဗဟိုပြု၍ အင်အား ၄ ဒသမ ၅ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
ပြီးခဲ့သည့်မေလ ၁၉ ရက်တွင်လည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့၏အရှေ့ - အရှေ့တောင်ဘက် ၁၂၉ ကီလိုမီတာအကွာ၊ ရမ်းဗြဲကျွန်းအနီးပင်လယ်ရေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅ ဒသမ ၃ အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့သည်။
သတင်း - ပိုင်လေး

image