"ကျောက်ဖရုံ စနစ်တကျစိုက်ပျိုးနည်း"
=========================
ကျောက်ဖရုံသီးအတွင်းသားကို အဓိကဟင်းချိုချက်စားကြသည်။ အထားခံသဖြင့်
တစ်နှစ်ပတ်လုံးစားသောက်ကြသည်။ သကြားဖြင့်ယိုထိုး၍ စီးပွားဖြစ်ရောင်းချကြသည်။
စိုက်ချိန်
မိုးနှောင်းတွင် မြေလွှတ်စိုက်ကြပြီး စင်တင်စိုက်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ အချို့ဒေသများတွင် သစ်ပင်ကြီးများနှင့် တဲများပေါ်တွင်တင်၍ နှစ်ပတ်လည် စိုက်ပျိုးထားတတ်ပြီး အလုံးလတ်မျိုးများကို ယိုလုပ်ငန်းအတွက် စီးပွားဖြစ်မြေလွှတ်၍စိုက်ပျိုးကြသည်။
စိုက်ပျိုးခြင်း
စင်တင်စနစ်၊ မြေလွှတ်စနစ် ဘောင်ဆွဲ၍ တိုက်ရိုက်အစေ့ချ စိုက်ကြသည်။
သဘာဝမြေသြဇာ၊ နွားချေးနှင့် တီစူပါမြေသြဇာတို့ကိုရော၍ စိုက်ဘောင်ကိုဆွပြီး
သမအောင် မွှေ၍ ထည့်ပေးရမည်။ စင်တင်စနစ်တွင် (၃)ပေအကျယ်၊ (၁)ပေ
အမြင့်ဘောင်ဆွဲ၍စိုက်ပါ။ စိုက်ဘောင်ကြီးလေ ပိုကောင်းလေဖြစ်ပါသည်။
မြေလွှတ်စနစ်တွင် (၂)ပေအကျယ်၊ (၁)ပေအမြင့်ဘောင်ဆွဲ၍ တစ်ပင်နှင့် တစ်ပင် (၂)ပေကြား နှစ်တန်းစိုက်ပြီး တစ်ဘောင်နှင့် တစ်ဘောင် (၁၅-၂၀)ပေခြားဆွဲပါက တစ်ဧကလျှင် အပင်(၂၀၀၀)ခန့် ထည့်သွင်းရပါမည်။
မြေသြဇာထည့်သွင်းခြင်း
ကျောက်ဖရုံ (၁)ဧကလျှင် သဘာဝမြေသြဇာလှည်း (၁၀-၂၀)စီး၊ ပုလဲ(၁၂)အိတ်၊
တီစူပါ(၂ - ၄)အိတ်၊ ပိုတက်ရ်ှမြေသြဇာ (၁-၂)အိတ်ထည့်ပေးရမည်။ ဒေသမျိုး
အားလုံးသည် စိုက်ပြီး ရက်(၁၀၀)ကျော်မှ စတင်ခူးဆွတ်နိုင်သည်။ စိုက်ပြီး
အရွက် (၇)ရွက်ထွက်ချိန်တွင် ခေါင်နှိမ်ပေးသင့်ပါသည်။
အပင်ပြုစုခြင်း
တိုက်ရိုက်အစေ့ချစိုက်ခြင်းဖြစ်၍ အပင်ငယ်စဉ်တွင် သတိထားပြီး ပေါင်းရှင်းပေးရမည်။ အစေ့ကို အညှောင့်ဖောက်ပြီးမှချ၍ အပင်ငယ်စဉ်တွင် ရေကိုမပြတ်လောင်း ပေးရမည်။ အပင်ကြီးထွားစဉ် ရေငတ်ဒဏ်အသင့်အတင့်ခံနိုင်ပြီး အသီးစတင်သီးချိန်တွင် လိုအပ်ပါက ရေသွင်းပေးဖို့ လိုအပ်သည်။
ပိုးမွှားရောဂါကို အခြားဗူး၊ ဖရုံမျိုးရင်းဝင်အပင်များထက် ပိုမိုဒဏ်ခံနိုင်သော်လည်း၊ ရောဂါကင်းလေ အသီးထွက်မှုပို၍ တာရှည်လေဖြစ်သဖြင့် အပင်ငယ်စဉ်တွင်
ပိုးမွှားကို ဂရုစိုက်နှိမ်နင်း၍ မှိုရောဂါကို ကြိုတင်ကာကွယ်ထားသင့်ပါသည်။
ခူးယူခြင်း၊ အစေ့ထုတ်ခြင်း
အစေ့ချပြီး ရက်ပေါင်း(၁၀၀)ကျော်တွင် စတင်၍ခူးယူစားသုံးနိုင်သည်။ မျိုးစေ့
ထုတ်ယူလိုပါက ပန်ုးပွင့်ပြီး(၆၅)ရက်ကျော်မှ ခူးဆွတ်သင့်သည်။ ကျောက်ဖရုံသီး သည် တာရှည်အထားခံသဖြင့် အလုံးလိုက် အရိပ်ထဲတွင်နှစ်ပတ်လည် ထားသင့်သည်။
