#ကြက်စွပ်ပြုတ်လုပ်နည်း#
အာဟာရပြည့်ဝပြီးအရသာရှိတဲ့ ကြက်စွပ်ပြုတ်ကိုအိမ်မှာလုပ်စားကြရအောင်
ကြက်ကောင်လုံးပြုတ်ပါက ပိုကောင်းပါတယ် မိသားစုတွေစားမည်ဆိုပါက ကြက်ကောင်လုံးပြုတ်တာပိုကောင်းပါတယ်
အာဟာရပြည့်ဝစေဖို့ဆိုရင်တော့ အိမ်ကြက်ကိုသုံးပေးရင်ပိုကောင်းပါတယ်
အသားကြိုက်ရင်တော့မွေးမြူရေးကြက်ကိုသုံးပါ။
ပါဝင်ပစ္စည်းများ
ကြက်သား
ဂျင်း
ကြက်သွန်ဖြူ
စပါးလင်
ရှောက်ရွက်
တို့ဖြစ်ပါတယ်
အစာလည်းဆေး ဆေးလည်းအစာဖြစ်တက်တာမို့ အချို့သောပါဝင်ပစ္စည်းများက ဆေးဘက်ဝင်စေပါတယ်
ဂျင်း ကြက်သွန်ဖြူတို့ကိုထောင်းထားပါ
စပါးလင်ကိုထုထားပေးပါ
ပြုတ်မည့်ကြက်သားကိုရေဆေးသန့်စင်ထားပါ
အဆင်သင့်ဖြစ်ပါက အိုးထဲသို့ရေအပြည့်ထည့်ပြီးကြက်သားပါထည့်ပြီး မီးပြင်းပြင်းနဲ့ တည်လိူက်ပါ။
ဆူပွက်လာပါက ကြက်သားမှာရှိတဲ့အညစ်အကြေးတွေထွက်ပြီဖြစ်လို့ သွန်ပြစ်လိုက်ပါ ပြီးမှ ရေသစ်ထပ်ထည့်ပြီးဂျင်း ကြက်သွန်ဖြူ စပါးလင်တို့ပါရောထည့်လိုက်ပါ။အရသာအတွက်ကို ဆားဟင်းခပ်မှူန့် အဆင်ပြေသလိုသုံးပေးပါ။
မိနစ်(45)ခန့်ပြုတ်ပြီး အသားလည်းနူးလာပြီဆိုရင်တော့အနံလည်းအတော်လေးမွှေးလာပြီဖြစ်ပါတယ်။
ကြက်ပြုတ်ထဲကိုရှောက်ရွက်ထည့်ပြီးသောက်လည်းရပါတယ်။ဒါမှမဟုတ် ကြက်သားကိုဆယ်ပြီး ဟင်းအရည်ကို ရှောက်ရွက်ခပ်လိုက်ပါကပိုကောင်းပါတယ်။
ကြက်သားကို ကြက်သွန်ဖြူဆီချက်မန်ကျည်းရည် ကြက်သွန် ငရုပ်သီးမှုန့်ထည့်ပြီးသုပ်စားလည်းရပါတယ်။
#%#%#crd

image