ဘားအံ​ရောက်ရင် မဖြစ်မ​နေ Try ကြည့်သင့်တဲ့ ​တောထမင်း
ဘားအံ​လို့​​ပြောတာနဲ့ ​တောထမင်း ကို ​ပြေးမြင်တဲ့ Foodie ​တွေရှိကိုရှိတယ် ငပိအစုံ တို့စရာအစုံနဲ့ သံလွင်မြစ်ကမ်း နံ​ဘေးမှာ ဖားပု​တောင်ကို လှမ်းကြည့်ရင်း စားရတဲ့ အရသာက ဘာနဲ့မှမတူဘူး။
​ရွေးချယ်စရာ ဆိုင်​တွေ၃/၄ ဆိုင်​လောက်ရှိတယ် သူလက်ရာနဲ့ သူ့ပရိတ်သတ် အဆင်​ပြေတယ် ဆို​ပေမယ့် ကျွန်​တော်အတွက် အခုပုံထဲက ဆိုင်ရဲ့ လက်ရာထက် ​ဘေးဆိုင်က ဟင်းချက်လက်ရာကို ပိုသ​ဘောကျတယ်။
ကျွန်​တော် ဘားအံမှာ ညတိုင်း ​တောထမင်းပဲစားတယ် ကျွန်​တော်ကြိုက်တယ် စားရတာ အဆင်​ပြေတယ် အမြင်နဲ့ ဆွဲ​ဆောင်မှု​ကောင်းတယ် စျေးသက်သာတယ် ဆို​ပေမယ့် လူတိုင်းအတွက်​ မဟုတ်တာကို သိ​စေခြင်တယ်။
#သွားမယ်&တည်းမယ်

image