ဆေးဖက်ဝင် #သင်္ဘောမယ်ဇလီ
သွေးသန့်စေဖို့အတွက် စားသုံးပေးလို့ရသလို ဝမ်းချုပ်ေနသူတွေအနေနဲ့လည်း စားသုံးပေးလို့ရပါတယ်။
အမျိုးသမီးတွေမှာဆိုရင်လည်း သင်္ဘောမယ်ဇလီက သားအိမ်ကိုကျန်းမာစေနိုင်ပါတယ်။ အသားအရောင် မညီတာအတွက်လည်း အသုံးပြုပေးလို့ရပါသေးတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ သင်္ဘောမယ်ဇလီပင်ရဲ့ အခေါက်ကို အသုံးပြုပေးလို့ရပါတယ်။
အရေပြားပြဿနာတွေအတွက်ကတော့ အရွက်ကို အခြောက်ခံအမှုန့်ကြိတ်ပြီး အုန်းဆီနဲ့ရောလို့ အရေပြားပြဿနာခံစားနေရတဲ့နေရာမှာ လူးပေးလို့ရပါတယ်နော်။
ဝမ်းချုပ်နေမယ်ဆိုရင်တော့ သင်္ဘောမယ်ဇလီ အပွင့်ကို အုန်းနို့နဲ့ရောစပ်ပြီးသောက်သုံးပေးလို့ရပါတယ်။
အစာအိမ်ဝေဒနာရှိသူတွေအနေနဲ့လည်း အရွက်၊အပွင့်၊ အသီးခြောက်တို့ကို အခြေခံပြီးရေနွေးကြမ်းသောက်သလိုသောက်ပေးလို့ရပါတယ်နော်။
သင်္ဘောမယ်ဇလီ အစေ့ကတော့ သဘာဝ ဝမ်းနုတ်ဆေးပါ။ အရွက်ကို ဘဲဥနဲ့ ကြော်စားတာက သန်ကျစေနိုင်ပါတယ်နော်။
ဒေသအလိုက် ဒီလိုသုံးကြပါတယ်
အိန္ဒိယမှာ သင်္ဘောမယ်ဇလီပင်ရဲ့ အပွင့်၊အရွက်၊အခေါက် ပင်စည်တိုကို ကြိတ်ထားတဲ အနှစ်ကို အရေပြားပြဿနာတွေနဲ့ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။ အရွက်ကိုတော့ အဆိပ်ရှိတဲ့အကောင်ကိုက်ခံရတာ နဲ့ ကာလသားရောဂါအတွက် အသုံးပြုကြပါတယ်။ အရွက်က အစေးကိုရေယုန်သက်သာစေဖို့သုံးသလို အပွင့်နဲ့အရွက်ကို ပန်းနာရင်ကျပ်၊လေပြွန်ရောင်တာတွေ သက်သာစေဖို့အတွက်အသုံးပြုပါတယ်။
အရေပြားပြဿနာတွေအတွက် ဖန်ရည်ဆေးဖို့လည်း အသုံးပြုပေးပါသေးတယ်။
ပင်စည်ရဲ့ အနှစ်ကိုတော့ အသည်းရောဂါအတွက်သုံးကြသလို ခံတွင်းပျက်နေသူအတွက်လည်း အသုံးပြုကြပါတယ်။
ဖိလစ်ပိုင်မှာတော့ အရွက်ကို အရေပြားယားယံမှုနဲ့ပွေးသက်သာစေဖို့ အသုံးပြုကြပါတယ်။
နိုင်ဂျီးရီးယား အနောက်တောင်ဘက်မှာတော့ သင်္ဘောမယ်ဇလီကိုသွေးအားနည်းရောဂါ၊သွေးတိုးတာနဲ့ ဆီးချိုရောဂါတွေသက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။
နိုင်ဂျီးရီးယားနဲ့ အာဖရိကနိုင်ငံတွေမှာ အရွက်ကို ဝမ်းချုပ်တာ သက်သာစေဖို့အတွက် အသုံးပြုကြပါတယ်။
ဂါနာမှာတော့ အရွက်ကို ဂနိုရောဂါနဲ့ သန်ကျစေဖို့ အတွက် အသုံးပြုပါတယ်။
ကွန်ဂိုမှာတော့ အမြစ်ကို ဂနိုရောဂါအတွက် အသုံးပြုပါတယ်။
မလေးရှားမှာတော့ အရွက်ကို အရေပြားပြဿနာတွေဖြစ်တဲ့ပွေး၊ အပူလောင်နာ၊ ညှင်း၊ အရေပြားမှိုပိုးဝင်တာတွေအတွက် သုံးပါတယ်။နောက်ထပ်ကတော့သွေးတိုးတာ၊ချောင်းဆိုးတာ၊ အအေးမိတာ၊ ဝက်ခြံ၊ အဆိပ်ရှိတဲ့အကောင်ကိုက်ခံရတာ နဲ့ အနာစက်တွေအတွက် အသုံးပြုကြပါတယ်။
အရွက်နဲ့ အပွင့်ကို ဟင်းချက်စားလို့ရပါတယ်။
အပွင့်ကို ငရုတ်သီးနဲ့ဟင်းချက်စားတာမျိုးလည်း စားလို့ရပါတယ်။
အရွက်နဲ့ အပွင့်ကို အတို့အမြှုပ်အဖြစ်စားလို့ရပါတယ်။
အရွက် နဲ့ အသီးကိုအခြောက်ခံပြီးရေနွေးလိုသောက်ပေးလို့ရပါတယ်။
အပွင့်ကိုပြုတ်ပြီး သုပ်စားလို့ရပါတယ်။
အရွက်နုလေးတွေကို ပါးပါးလှီးလို့ ဘဲဥနဲ့ခေါက်ပြီးကြော်စားလို့ရပါတယ်။
Crd
