အရိုးကျီးပေါင်းရောဂါအတွက် အလွန်ကောင်းတဲ့ ဝါးမင်း
ကျီးပေါင်းကြောင့်မူးသူများအတွက် နွယ်မြက်သစ်ပင် ဆေးဘက်ဝင်တဲ့ “ဝါးမင်း” အကြောင်းမျှဝေချင်ပါတယ်။
လွန်ခဲ့တဲ့လက ကဖိုးမောင်တယောက္ ပက်လက် ကုလားထိုင်ပေါ်ကအထ,မှာမိုက်ခနဲမူးလွန်းတာကြောင့်ဆရာဝန်ပြေးခေါ်ခဲ့ရပါတယ်။ ဆရာဝန်ရောက်လာလို့သွေးပေါင်ချိန်တော့လည်းပုံမှန်သွေးချိုလည်းမရှိ မူးတာကလည်းချာချာလည်။ စမ်းသပ်ပြီးတဲ့အခါ လည်ပင်းကြောရိုးကျီးပေါင်းကြောင့်မူးတာပါ တဲ့။ ဆေးထိုးဆေးသောက်လိုက်တဲ့အခါသက်သာသွားပေမဲ့အရှင်းမပျောက်ပါဘူးအိပ်ယာဝင် အိပ်ယာထ မူးနေတုန်းပါဘဲ။လမ်းလျှောက်ရင်းလည်းတခါတရံမူးနောက်နေတုန်းမို့ အထူးကုပြဖို့စီစဉ်ရပါတော့တယ်။
အထူးကုပြဖို့စာရင်းပေးထားတုန်းမှာဘဲကဖိုးမောင်ရဲ့ မိတ်ဆွေဘကြီးဦးလှတင်ကဓါတ်ပုံထည်းမှာပြထားတဲ့ ဝါးပင်တပင်ကိုခုတ်ယူစေပြီး သွေးလူးခိုင်းပါတယ်။
အသက်၉၀ ဝန်းကျင်ဘကြီးက “အာမခံပါတယ် အဲ့ဒိဝါးပင်လေးကိုသွေးပြီးလည်ပင်း ဂုတ်စသည်
နှံ့စပ်အောင်လိမ်းအိပ်စမ်းပါကွာ။ ဘာအထူးကုမှမလိုပါဘူး”တဲ့
ကဖိုးမောင်ကြီးကလည်း ဝမ်းသာအားရယူလာပြီးညဘက်နဲ့ မနက်ခင်းတွေသွေးလူးပေးလိုက်တဲ့အခါယူပြစ်သလို ပျောက်ကင်းသွားတာမို့အံ့သြဝမ်းသာဖြစ်ကြရပါတယ်။ အထူးကုဆီလည်းမရောက်လိုက်ပါဘူး။
ဖြစ်ခါစမို့ချက်ချင်းသက်သာပုံပါဘဲ။နှစ်ရှည်လများ ခေါင်းငုံ့ပြီးဂီတာတီးလာတဲ့ကဖိုးမောင်မှ ကျီးပေါင်းမဖြစ်ခံနိုင်ပါ့မလား။
ကျီးပေါင်းကြောင့်မူးတတ်သူများအသုံးတည့်ရင်သုံးကြရအောင်ဝါးပင်လေးကို ညွှန်းပြမျှဝေလိုက်ပါတယ်ရှင်။ကဖိုးမောင်ကတော့ အိုကေသွားပါပြီ။
တခြားအကြောအဆစ်နာသူများလည်းသုံးနိုင်တယ်လို့ဘကြီးကပြောပါတယ်။
“အနာ နဲ့ ဆေး တွေ့ကြပါစေ”
Crd

image