·
#ငါးသေတ္တာ ကို စားမြိန်အောင် ဒီလို #ငါးပိချက် လေး ချက်စားကြည့်ပါ 😋😋
(ထမင်းကုန် တို့စရာဟင်းသီးဟင်းရွက်တွေကို မြန်မြန်ကုန်စေတဲ့ အရသာရှိပြီး ထမင်းမြိန်တဲ့ ဟင်းတစ်မျိုးပါ) 😋
ပြုလုပ်နည်း.......
* ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီအနည်းငယ်ထည့်ပါ။
* နှုတ်နှုတ်ဆိတ်ထားတဲ့ ကြက်သွန်ဖြူ ၅၀ ဂရမ်ကို ထည့်ပြီး
မွှေးလာတဲ့အထိ ဆီသတ်ပါ။
* ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၅၀ ဂရမ်ကို ထည့်ပြီး
နှစ်မျိုးလုံးကို မွှေးပြီး ရွှေဝါရောင်သန်းလာတဲ့အထိ
အတူတူဆီသတ်ပါ။
* ငါးသေတ္တာ ၂ ဘူး ထည့်ပြီး အားလုံးရောသမအောင်မွှေပြီး
ငါးသေတ္တာတွေကို ကြေသွားအောင် ချေပေးပါ။
* ပြီးရင် ပါဝင်ပစ္စည်းများအားလုံးကို ထည့်ပါ။
- မန်ကျည်းမှည့်အနှစ် စားပွဲဇွန်း ၂ ဇွန်း
- ငရုတ်သီးမှုန့် စားပွဲဇွန်း ၂ ဇွန်း
- ငါးငံပြာရည် စားပွဲဇွန်း ၁ ဇွန်း
- သကြားဖြူ စားပွဲဇွန်း ၁ ဇွန်း
- အချိုမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
* ပါဝင်ပစ္စည်းအားလုံးကို မီးအေးအေးလေးနဲ့
သမအောင် ရောမွှေပါ။
* အရသာမြည်းကြည့်ပြီး လိုအပ်တာကို ထပ်ထည့်နိုင်ပါတယ်။
* ငါးပိချက်အနှစ်ရအောင် မီးအေးအေးလေးနဲ့
ပိုပြီးပျစ်လာအောင် ခနလောက် တည်ထားပေးပါ။
* သံပရာရည် စားပွဲဇွန်း ၁ ဇွန်း
(ဒါမှမဟုတ် နှစ်သက်ရာပမာဏ) ထည့်နိုင်ပါသည်။
* နှစ်သက်ရာ ငရုပ်သီးအစိမ်း/အနီတောင့် အနည်းငယ်ထည့်ပါ။
ပြီးရင် ပန်းကန်လုံးထဲ ခပ်ထည့်ပြီး ပူပူနွေးနွေးထမင်းဖြူနဲ့ လတ်ဆတ်တဲ့ ခရမ်းချဉ်သီး၊ သခွားသီး၊ နံနံပင် ဒါမှမဟုတ် နှစ်သက်ရာ တို့စရာ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။
အရမ်းလိုက်ဖက်ပြီး အရသာရှိပါတယ်။
ထမင်းအိုးက ကုန်ပြန်ပြီး.........!😁
