3 ပတ် - ဘာသာပြန်ပါ။

ချဥ်ဖတ်အစုံ ပြုလုပ်နည်း........။
မုန်လာချဉ်ဖတ် လုပ်နည်း....
မုန်လာဥ ၅ လုံးကို လှီးဖြတ်ထားပါ။
ရှာလကာရည် အကြမ်းပန်းကန် ၁ လုံး
ရေ အကြမ်းပန်းကန် ၃ လုံး
ဆား ထမင်းစားဇွန်း ( ဇွန်း တစ်ဝက် )
သကြား ထမင်းစားဇွန်း ( ဇွန်း တစ်ဝက် )
အားလုံးရောဖျော်ပီး မုန်လာဥမြုပ်အောင် ထည့်ထားပါ။
၁ ညသိပ်ပီးရင် စားလို့ရပါပြီး။
ပိုးတီကြိုက်ရင်တော့ ပိုးတီလှီးပီးမှ စိမ်စားလို့ရပါတယ်။
ပဲတီချဉ်ဖတ် လုပ်နည်း......
ရေတစ်လီတာ
ရှာလကာရည် ထမင်းစားဇွန်း ၅ ဇွန်း
ဆား ထမင်းစားဇွန်း ၁ ဇွန်း
သကြား ထမင်းစားဇွန်း တစ်ဝက်
အားလုံး ရောမွှေထားတဲ့ အချဉ်ရည်ထဲကို
ပဲပင်ပေါက်ကို ရေဆေးပီး ထည့်စိမ်လိုက်ပါ။
(ပဲပင်ပေါက်ကို အချဉ်ရည်ထဲ မြုပ်အောင်စိမ်ပီး
အဖုံးအုပ်ထားပေးပါ) တစ်ညသိပ်ပီးရင် စားလို့ရပါပြီး....။
ကြောင်လျှာသီးချဉ်ဖတ် လုပ်နည်း.........
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပါ။
ကြောင်လျှာသီးကို မထူမပါးလှီးပီး ပုလင်းထဲထည့်ပါ။
ဆားထည့်ပီး ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပါ
ရေပေါ် ပေါလောပေါ်မနေအောင် ပုလင်းဝမှာ
ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ပါ
ပုလင်းအဖုံးကို ပိတ်ထားပေးပါ
သုံး လေးရက်ကြာရင် ချဉ်ဖတ်ရပါပီ
ဘာချဉ်ဖတ်ပဲလုပ်လုပ်
ရေပေါ် ပေါလော ပေါ်မနေစေပဲ
ရေထဲမြုပ်နေအာင် ပုလင်းဝမှာ
ငှက်ပျောရွက်ကို ကျစ်ကျစ်ခေါက်ပီး ဖိထည့်ထားပေးပါ
ဟင်္ဂလာချဉ်ဖတ် လုပ်နည်း........
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထား၍
ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပီး ဆားထည့်မွှေပါ။
ဟင်္ဂလာရွက်များကို ရေစင်ကြယ်စွာဆေးပီး
ဆန်ဆေးရည်ထဲမှာ ထည့်စိမ်ထားပါ။
ဟင်္ဂလာချဉ် ဖြစ်လာပါလိမ့်မယ်
အရောင်ဝါချင်ရင်တော့
ချဉ်ဖတ်စိမ်တဲ့အခါ နနွင်းအနည်းငယ် ထည့်စိမ်ပေးပါ။
မဝါချင်ရင်တော့ ထည့်ဖို့ မလိုပါဘူး။
(နောက်တစ်နည်း)
ဟင်္ဂလာရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထမင်းမာမာနှင့် ဆားသင့်တော်အောင် ဖြူးထည့်ကာ
စဉ့်အိုး (သို့) ဇလုံထဲတွင် သိပ်ထားရင် ဟင်္ဂလာချဉ်ရပါပြီး။
တမာချဉ်ဖတ်လုပ်နည်း တမာချဉ် လုပ်နည်း.......
တမာချဉ်ဖတ်နဲ့ တမာချဉ်ဆိုပီး ၂ မျိုးရှိပါတယ်။
အခါးကြောက်တတ်သူများအတွက်
တမာချဉ်ဖတ်လုပ်နည်းကို အရင်ပြောပြပါမယ်နော်.....
တမာချဉ်ဖပ် လုပ်နည်း.......
ဆန်ဆေးရည်ငှဲ့ပီး ၁ ည သိပ်ကာ အချဉ်ခံထားပေးပါ။
ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ
ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ။
ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ။
တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက်
ချဉ်ဖတ်တည်မယ့်အိုးထဲ ရေစစ်ထားတဲ့ တမာရွက်များ ထည့်ပါ။
အချဉ်ခံထားတဲ ဆန်ဆေးရည် လောင်းထည့်ပါ။
ဆား သင့်ရုံသာ ထည့်ပီး မွှေလိုက်ပါ
တမာရွက်ပြုတ်များ ဆန်ဆေးရည်ထဲ မြုပ်နေပါစေ
ပီးရင် အဖုံးအုပ်ထားလိုက်ပါ။
၂ ညသိပ်ပီးရင် တမာချဉ် မွှေးမွှေးလေး ရပါပြီး....။
(ခါးပေါ့ ချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ တမာချဉ်ဖတ်ပါ)
(နောက်တစ်နည်း)
တမာရွက်နုများကို ဇီးသီးနဲ့ ပြုတ်ပီး ရေစစ်ထားပါ။
အိုးထဲထည့်ပီး ဆားအနည်းငယ်ထည့်ပီး အဖုံးအုပ်ထားပါ။
၂ ရက် ၃ ရက်ခန့် အချဉ်တည်ပီးရင် တမာချဉ် ရပါပြီး.....။
တမာချဉ် လုပ်နည်း.........
ဆား,နနွင်း နဲနဲ,မကျီးသီး,ရေ အားလုံးရောထည့်ပီး ကျိုပါ။
ရေဆူလာတဲ့အခါ တမာရွက်နုများထည့် ပီး၂ မိနစ် ပြုတ်ပါ။
ပီးရင် ရေစင်စင်ဆေးပီး ရေအေးထဲ ၁ နာရီ ထည့်စိမ်ထားပါ။
တမာရွက်ပြုတ်များကို ရေစစ်ထားလိုက်ပီးနောက်
မကျည်းရည်ထဲ ၁ နာရီခန့် ထည့်စိမ်ထားလိုက်ပါ။
တမာချဉ် ရပါပြီး.....။
ကတက်ချဉ်ဖတ် လုပ်နည်း.......
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထား၍
ဆန်ဆေးရည်အပေါ်ယံ အရည်ကြည်ထည့်ပီး ဆားထည့်မွှေပါ။
ကတက်ရွက်များကို ရေစင်ကြယ်စွာဆေးပီး
ဆန်ဆေးရည်ထဲမှာ ထည့်စိမ်ထားပါ။
ကတက်ချဉ် ဖြစ်လာပါလိမ့်မယ်
အရောင်လှချင်ရင်တော့
ချဉ်ဖတ်စိမ်တဲ့အခါ နနွင်းအနည်းငယ် ထည့်စိမ်ပေးပါ။
(နောက်တစ်နည်း)
ကတက်ရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထမင်းမာမာနှင့် ဆားသင့်တော်အောင် ဖြူးထည့်ကာ
စဉ့်အိုး( သို့ ) ဇလုံထဲတွင် သိပ်ထားရင် ကတက်ချဉ်ရပါပြီး။
ကန်စွန်း ချဉ်ဖတ် ပြုလုပ်နည်း......
ဆန်ဆေးရည် ခံထားပီး ၁ ည အချဉ်ခံထားပီးနောက်
အပေါ်ယံ အရည်ကြည်များ သွန်ချပီး ဆားထည့်မွှေပေးပါ။
ကန်စွန်းရိုးနဲ့ အရွက်များကို ရေစင်ကြယ်စွာဆေးပီး
ထို ဆန်ဆေးချဉ်ရည် ထဲမှာ ထည့်စိမ်ထားပါ။
၂ ရက်ကြာရင် ကန်စွန်းချဉ်ဖတ် ဖြစ်လာပါလိမ့်မယ်။

image