3 ပတ် - ဘာသာပြန်ပါ။

ရွှေဖရုံသီးနဲ့လုပ်တဲ့ #အော်‌ကွေ့ကြည်လုပ်နည်း
ပါဝင်ပစ္စည်း
-ရွှေဖရုံသီး
-ဆန်စိမ်းမှုန့် 150g
-ကော်မှုန့် 3ဇွန်း
ပုစွန်ခြောက်မှုန့် 2ဇွန်း
ဆား
သကြား
အရသာမှုန့်
-ပထမဆုံး ရွှေဖရုံသီးကိုနူးအိနေအောင်ပြုတ်ပြီး အနှစ်ရအောင် ကြိတ်စက်နဲ့ကြိတ်ပါကြိတ်စက်မရှိပါကလက်နဲ့ချေထားလည်းရပါတယ်
- ရွှေဖရုံသီးအနှစ်ရလာရင် ပါဝင်ပစ္စည်းအားလုံးကိုရောထည့်ပြီး နှံ့စပ်အောင်ရောမွှေပါ
-ရလာတဲ့မုန့်နှစ်တွေကိုဆီသုတ်ထားတဲ့ပေါင်းခံခွက်ထဲ ဇကာနဲ့စစ်ပြီးထည့်ပါ
-မိနစ်40လောက် ပေါင်းပေးပါ
-ရလာတဲ့ရွှေဖရုံသီးမုန့်ကိုအအေးခံပြီးမှမိမိနှစ်သက်တဲ့ပုံစံအတိုင်းဆီပူပူမှာထည့်ကြော်ပေးပါ
-ဒါဆိုရင်တော့အရမ်းစားကောင်းတဲ့ရွှေဖရုံသီးမုန့်ကြော်လေးရပါပြီ မိမိနှစ်သက်တဲ့အချဉ်ရည်လေးနဲ့တွဲစားလို့ရပါပြီ

image