3 w - Translate

ဝဋ်ကြွေးအသစ် မယူနဲ့❗
သူများကို ခြေကန်ထိုးလိုက်လို့
တဖက်သားက မှောက်ရက်လဲကျသွားတယ်
အရမ်း ဝမ်းမသာပါနဲ့။
မကြာခင် သင်ကိုယ်တိုင်
ကျောက်ခဲကို ခလုတ်တိုက်ပြီး
မှောက်ရက်လဲတော့မယ်။
သူများနေရာကို တွန်းဖယ်ပြီး
နေရာ ဝင်လုတယ်။
ဘဝင် မမြင့်ပါနဲ့
မထိုက်တန်ရင် ခဏအတွင်း
မင်းနေစရာဘုံ ပျောက်နိုင်တယ်။
သူများကို ဆွဲချပြီး
အမြင့်ကို ထပ်တက်တယ်။
ပီတိဖြစ်မနေပါနဲ့
သူ့လို မကျွမ်းကျင်ရင်
ပြုတ်ကျတတ်တယ်။
အတွေ့အကြုံဆိုတာ
ဘဝကပေးတဲ့ သင်ခန်းစာမို့
သူနဲ့ ကိုယ်
မတူညီနိုင်တာကို သတိရပါ။
အရည်အချင်းဆိုတာ
မွေးရာပါ အားသာချက်မို့
သူနဲ့ ကိုယ်
မတူညီနိုင်တာကို သတိရပါ။
ကံတရားရဲ့
အကျိုးပေးခြင်း မညီမျှတာကို
မကျေမနပ် မဖြစ်ပါနဲ့။
ကြိုးစားမှုခြင်း ကွာဟနေတာကို
သတိရပါ။
သူတစ်ပါးကို ထိခိုက်ပြီး
ကိုယ့်စိတ်ချမ်းသာမှုကို မလိုချင်ပါနဲ့။
ပြန်ပေးဆပ်ရတဲ့ အခါ
ကိုယ်ပြုထားတာထက်
အဆပေါင်းများစွာ ခံရမှာကို
သတိရပါ။
ကာယကံရှင်က ခွင့်လွှတ်ပေးလေ
ကံတရားက အညှိုးထားလေမို့
ကိုယ်နေ့စဉ်ပြုသမျှ အရာတွေဟာ
သူတစ်ပါးကို
မထိခိုက်အောင်
အတတ်နိုင်ဆုံး ဆင်ခြင် နေထိုင်ပါ။

image