Ryan Gosling ရဲ့ Star Wars ရုပ်ရှင်မှာ Mia Goth လည်း ပါဝင်သွားမယ်
ဇွန် ၈၊ ၂၀၂၅။
Deadpool & Wolverine နဲ့ Free Guy ဒါရိုက်တာ Shawn Levy ဟာ Disney နဲ့ Lucasfilm တို့က ဖြန့်ချိထုတ်လုပ်ပြသမယ့် Star Wars ရုပ်ရှင်သစ်တစ်ကားဖြစ်တဲ့ Star Wars: Starfighter ကို ဒါရိုက်တာနဲ့ ဇာတ်လမ်းဇာတ်ညွှန်းနေရာကနေ ပူးတွဲတာဝန်ယူဖန်တီးရိုက်ကူးတော့မှာဖြစ်ပါတယ်။
Star Wars: Starfighter ဟာ နောက်ဆုံးထွက် Star Wars ရုပ်ရှင်ဖြစ်တဲ့ Star Wars: The Rise of Skywalker မတိုင်ခင်ကာလကို ဇာတ်အိမ်ယူပြသမှာဖြစ်ပြီး The Notebook, Blade Runner 2049 နဲ့ La La Land သရုပ်ဆောင် Ryan Gosline က အဓိကဇာတ်ကောင်နေရာကနေပါဝင်သွားမှာဖြစ်ပါတယ်။ သို့ပေမယ့် Star Wars: Starfighter ဟာ သီးခြား standalone ရုပ်ရှင်ဖြစ်ပြီး ဘယ် Star Wars ရုပ်ရှင်နဲ့မှ ချိတ်ဆက်မှုမရှိဘူးလို့ သိရပါသေးတယ်။
Star Wars: Starfighter မှာ Ryan Gosling နဲ့ အတူ X, Pearl သရုပ်ဆောင် Mia Goth လည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး Mia Goth ကိုတော့ Star Wars: Starfighter ရဲ့ ဗီလိန်ဇာတ်ကောင်နေရာကနေ မြင်တွေ့ရဖွယ်ရှိနေပါတယ်။ မူလက အဆိုပါရုပ်ရှင်မှာ Anora သရုပ်ဆောင် Mikey Madison က ပါဝင်သွားဖို့ရှိပေမယ့်လည်း ယခုအခါမှာ Mia Goth နဲ့ အစားထိုးလိုက်ပြီလို့သိရပါတယ်။
Mia Goth ဟာ Netflix ရဲ့ Frankenstein နဲ့ Disney ရဲ့ Blade တို့မှာလည်း ပါဝင်ထားပါသေးတယ်။
Lucasfilm နဲ့ Disney ဟာ Star Wars: Starfighter ကို မေ ၂၈၊ ၂၀၂၇ မှာ ရုံတင်ပြသမှာဖြစ်ပြီး ဒါဟာ Disney ရဲ့ အသစ်ရုံတင်မယ့် Marvel ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တဲ့ Avengers: Doomsday အပြီး နှစ်ပတ်အကြာကာလလဲဖြစ်ပါသေးတယ်။
Ref: THR
