ဟောလိဝုဒ်ဘက်ကို ခြေဆန့်လာပြီဖြစ်တဲ့ Bollywood မင်းသား Salman Khan
ဇွန် ၈၊ ၂၀၂၅။
Bad Boys ဒါရိုက်တာတွေရဲ့ အာရဗီစကားပြော Action Thriller ရုပ်ရှင် '7 Dogs' ရဲ့ Teaser ထွက်ရှိလာပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Monica Bellucci, Sanjay Dutt နဲ့ Salman Khan တို့ ပါဝင်လာကြောင်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်
Bad Boys ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာအတွဲ Adil El Arbi နဲ့ Bilall Fallah တို့ရဲ့ Saudi Arabia မှာ ရိုက်ကူးထားတဲ့ action thriller အသစ် 7 Dogs အတွက် ပထမဆုံး teaser ကို ထုတ်ဖော်ပြသလိုက်ပါပြီ။ ဒီရုပ်ရှင်မှာ နာမည်ကျော် မင်းသမီး Monica Bellucci၊ Bollywood စတား Salman Khan နဲ့ ကိုယ်ခံပညာရှင် Max Huang တို့လည်း ပါဝင်လာမယ်လို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
ဒေါ်လာ သန်း ၄၀ အကုန်အကျခံ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ၂၀၁၇ ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ ရုပ်ရှင်ရုံပိတ်ပင်မှုကို ရုပ်သိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး ပြည်တွင်းထုတ်လုပ်ရေး ရုပ်ရှင်တစ်ကား ဖြစ်လာမယ်လို့ ဆိုကြပါတယ်။ အီဂျစ်မင်းသားတွေဖြစ်တဲ့ Karim Abdel Aziz နဲ့ Ahmed Ezz တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး၊ Ahmed Ezz က Interpol အရာရှိအဖြစ်၊ Karim Abdel Aziz ကတော့ 7 Dogs လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်အဖွဲ့အစည်းရဲ့ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ထားတာ တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ အရှေ့အလယ်ပိုင်းဒေသမှာ အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါးအသစ် ပျံ့နှံ့မှုကို တားဆီးဖို့ မလိုလားပဲ မဟာမိတ်ဖွဲ့ရတဲ့ အခြေအနေကို ရောက်ရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဇာတ်လမ်းကိုတော့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အထွေထွေဖျော်ဖြေရေးအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ Turki Alalshikh (Turki Al-Sheikh လို့လည်း လူသိများသူ) က ဖန်တီးထားတာဖြစ်ပြီး၊ ဇာတ်ညွှန်းကိုတော့ Mohamed El-Dabah က ရေးသားထားတာ ဖြစ်ပါတယ်။ Riyadh မြို့နဲ့ အနီးတဝိုက်မှာ ဒီနှစ်နွေဦးရာသီက ရိုက်ကူးခဲ့ပြီး၊ လက်ရှိမှာတော့ post-production အဆင့်ကို ရောက်ရှိနေကာ ဒီနှစ်ကုန်ပိုင်းမှာ ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
Alalshikh က ဒီ teaser ကို လူမှုကွန်ရက်တွေမှာ ဒီနေ့ပဲ တင်ခဲ့တာဖြစ်ပြီး၊ အီတလီမင်းသမီးကြီး Monica Bellucci (The Matrix Reloaded)၊ Bollywood စတားတွေဖြစ်တဲ့ Salman Khan (Tiger franchise) နဲ့ Sanjay Dutt (Vaastav: The Reality)၊ ဂျာမန်-တရုတ် ကိုယ်ခံပညာရှင် Max Huang (Mortal Kombat) တို့အပြင် အီဂျစ်မင်းသမီး Tara Emad (The Blue Elephant 2)၊ လက်ဘနွန်မင်းသမီး Sandy Bella (Franklin)၊ ဆော်ဒီရုပ်သံမင်းသား Nasser Algassabi နဲ့ အီဂျစ်ဝါရင့်မင်းသား Sayed Ragab တို့လည်း ပါဝင်ကြောင်း ထပ်မံအတည်ပြုခဲ့ပါတယ်။
ရုပ်ရှင်ရဲ့ ရိုက်ကူးရေးပိုင်းကိုတော့ Robrecht Heyvaert (Bad Boys: Ride or Die, Ms. Marvel) က တာဝန်ယူထားပြီး၊ ထုတ်လုပ်ရေးဒီဇိုင်းကို Paul Kirby (Kingsman: The Secret Service, Captain Phillips) က ဖန်တီးကာ၊ အက်ရှင်စတန့်တွေကိုတော့ 87Eleven အဖွဲ့က Stephen Dunlevy (Mad Max: Fury Road, John Wick) ဦးဆောင်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Ivan Atkinson (The Covenant, The Gentlemen) ကလည်း ထုတ်လုပ်သူအဖြစ် ပါဝင်ထားတာ တွေ့ရပါတယ်။
ဘယ်လ်ဂျီယံ ဒါရိုက်တာအတွဲ Adil & Bilall တို့ဟာ Bad Boys franchise ရဲ့ တတိယနဲ့ စတုတ္ထမြောက်ရုပ်ရှင်တွေနဲ့ ကမ္ဘာကျော်ခဲ့သူတွေဖြစ်ပြီး၊ သူတို့ရဲ့ အခြားလက်ရာတွေထဲမှာ Gangsta နဲ့ Rebel တို့လို ရုပ်ရှင်တွေလည်း ပါဝင်တာ တွေ့ရပါတယ်။
Ref: Deadline
