Superman ရုပ်ရှင်ရဲ့ဘတ်ဂျက်ဟာ ကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိရှိနေ
ဇွန် ၇၊ ၂၀၂၅။
Warner Bros. လက်အောက်ခံ DC Studios ရဲ့ ပထမဆုံး ပွဲထွက်ရုပ်ရှင် Superman ဟာ လာမယ့်ဇူလိုင်လ ၁၁ ရက်နေ့မမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Superman ရုပ်ရှင်ဟာ DC ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Superman ရဲ့ စူပါဟီးရိုးဘဝနဲ့ သာမန်လူတစ်ယောက်ကြားဘဝကို တင်ဆက်ပြသမှာဖြစ်ပြီး Guardians of the Galaxy သုံးကားတွဲရဲ့ဒါရိုက်တာ James Gunn က ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ နေရာတွေကနေ ပူးတွဲတာဝန်ယူရိုက်ကူးထားတာဖြစ်ပါတယ်။
Superman ရုပ်ရှင်ဟာ ဒါရိုက်တာ James Gunn အတွက် ၂၀၂၃ ရုပ်ရှင် Godzilla Minus One ရဲ့ ရိုက်ကူးတင်ဆက်မှုအနုပညာကနေ စိတ်ကူးဉာဏ်ကွန့်မြူးမှုတွေရရှိခဲ့ကြောင်း James Gunn က ဝန်ခံခဲ့ပေမယ့် Superman အတွက် ရိုက်ကူးရေးဘတ်ဂျက် ဘယ်လောက်ကုန်ကျလဲဆိုတာကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်းမရှိပါဘူး။
The Wrap မဂ္ဂဇင်းရဲ့သတင်းအရ Superman ဟာ ကန်ဒေါ်လာ ၂၂၅ သန်းအထိ ဘတ်ဂျက်ကုန်ကျမှုရှိခဲ့ပြီး Warner Bros. ဟာ Superman ရုပ်ရှင်ကနေ ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိမှသာ ဒီရိုက်ကူးရေးဘတ်ဂျက်နဲ့ ကုန်ကျစရိတ်ကို ပြန်လည်ကာမိမှာဖြစ်ကြောင်းသိရပါတယ်။ Warner Bros. ဟာ ယခင် DCEU ရုပ်ရှင်တွေမှာလည်း အများအပြားအရှုံးပေါ်ခဲ့ရတာကြောင့် ယခု Superman နဲ့ ပတ်သက်ပြီး စောင့်ကြည့်ဖို့လိုတယ်လို့ ယူဆရမှာပါ။
Superman မှာ သရုပ်ဆောင် David Corenswet က Superman အဖြစ်၊ Rachel Brosnahan က Lois Lane အဖြစ်နဲ့ Nicholas Hoult က Superman ရဲ့ရန်သူ Lex Luthor အဖြစ် ပါဝင်ထားကြပြီး အခြား DC ဇာတ်ကောင်တွေဖြစ်တဲ့ Hawkgirl, Green Lantern, Krypto, Metamorpho နဲ့ The Engineer တို့ကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

image