Ranbir Kapoor ရဲ့ Dhoom 4 ကို ၂၀၂၆ မှာ စတင်ရိုက်ကူးဖွယ်ရှိနေ
ဇွန် ၃၊ ၂၀၂၅။
Hindi ရုပ်ရှင်လောကရဲ့ နာမည်ကြီးအက်ရှင်ရုပ်ရှင် Franchise တစ်ခုဖြစ်တဲ့ Dhoom ဟာ Dhoom 3 အပြီးမှာ နောက်ထပ် စတုတ္ထမြောက်ရုပ်ရှင် Dhoom 4 ကို ဆက်လက်ထုတ်လုပ်ဖို့ စီစဥ်နေကြောင်းသိရပါတယ။
Dhoom ရုပ်ရှင်တွေရဲ့ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ YRF ဟာ Dhoom 4 ကို Barfi, Animal နဲ့ Sanju သရုပ်ဆောင် Ranbir Kapoor နဲ့ ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပြီး Brahmastra Part One နဲ့ War 2 ဒါရိုက်တာ Ayan Mukerji က တာဝန်ယူရိုက်ကူးပေးဖွယ်ရှိနေပါတယ်။ နောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Dhoom 4 ကို ၂၀၂၆ မှာ စတင်ရိုက်ကူးမှာဖြစ်ပြီး ၂၀၂၇ မှာ ရုံတင်ပြသဖို့စီစဥ်နေကြောင်းသိရပါတယ်။ သို့ပေမယ့် YRF ဘက်က တစ်စုံတစ်ရာအတည်ပြုထားခြင်းမရှိပါဘူး။
Dhoom 4 မှာ Ranbir Kapoor က ယခင် Dhoom ရုပ်ရှင်တွေကလိုမျိုး သူခိုးဇာတ်ကောင်နေရာကနေ ပါဝင်မှာလား၊ ပင်တိုင်သရုပ်ဆောင်တွေဖြစ်တဲ့ Abhishek Bachchan နဲ့ Uday Chopra တို့ ပြန်လည်ပါဝင်လာမှာလား စတဲ့ အချက်တွေကိုတော့ မသိရသေးပါဘူး။
ယခင် Dhoom သုံးကားမှာ John Abraham, Hrithik Roshan နဲ့ Aamir Khan တို့က အဓိကပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။
