ဘယ်တော့မှ ရုပ်ရှင်ရုံမသွားတော့ဘူးဆိုတဲ့ Martin Scorsese
Martin Scorsese ကတော့ ရုပ်ရှင်ရုံမှာ ဖုန်းတွေသုံးနေတာ၊ စကားတွေများနေတာ၊ မုန့်သွားဝယ်ဖို့ ထထွက်သွားတာတွေ ၊ သရုပ်ဆောင်တွေ ပြောတဲ့ အသံတွေ ဖုံးသွားလောက်အောင် ဆူညံနေတဲ့ သူတွေကြောင့် ရုပ်ရှင်မကြည့်တော့ပါဘူးတဲ့။
ဒီအကြောင်းကို သူ့ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်တဲ့ ရုပ်ရှင်ဝေဖန်ရေးဆရာ Peter Travers နဲ့ စကားပြောရင်း ဖွင့်ဟခဲ့တာပါ။ Peter Travers ကလည်း ရုပ်ရှင်လောကမှာ ၄၀ နှစ်ကျော် ဝေဖန်ရေးဆရာလုပ်လာခဲ့သူဖြစ်ပြီး၊ မကြာသေးခင်က ABC နဲ့ Good Morning America ကနေ ထွက်လာပြီး သူ့ရဲ့ကိုယ်ပိုင် Vlog ဖြစ်တဲ့ “The Travers Take” ကို စတင်ဖို့ ပြင်ဆင်နေပါတယ်။
သူရယ် Scorsese ရယ်က နှစ်ပေါင်းများစွာ ခင်မင်လာခဲ့တော့ ဒီတစ်ခေါက်စကားဝိုင်းမှာလည်း သူ ရုပ်ရှင်ရုံမှာ ဘာလို့ ရုပ်ရှင်မကြည့်တော့ဘူးဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။
Travers က “မင်း ဘာလို့ ရုပ်ရှင်ရုံမှာ မကြည့်တော့တာလဲ Martin ” လို့ မေးတော့ Martin က “ရုပ်ရှင်ကြည့်ရင်း ဖုန်းတစ်ချိန်လုံး ပြောနေတဲ့သူတွေ၊ သရေစာဝယ်ဖို့ ထွက်သွားတဲ့သူတွေ၊ ဆူညံသံက သရုပ်ဆောင်တွေရဲ့ အသံထက်တောင် ကျယ်နေတာ!”။ Travers က “နေပါဦး Martin ငါတို့ ငယ်ငယ်ကလည်း ဒီလိုပဲ စကားများခဲ့ကြတာပဲလေ” လို့ ပြောတော့ Scorsese က “ဟုတ်လည်း ဟုတ်မယ်၊ ဒါပေမယ့် ငါတို့ စကားပြောခဲ့ရင် ရုပ်ရှင်အကြောင်းပဲ ပြောခဲ့တာ၊ ဇာတ်ကွက်တွေကို ဝိုင်းပြီး အတွေးဖလှယ်ရင်း ပျော်ခဲ့ကြတာ” လို့ ပြန်ဖြေခဲ့ပါတယ်။
အခုတော့ Martin Scorsese က ရုပ်ရှင်ရုံတွေမသွားတော့ပါဘူး။ သူ့ရဲ့ ရုပ်ရှင်အငွေ့အသက်နဲ့ ပြည့်နှက်နေတဲ့ အိမ်မှာ ကိုယ်ပိုင် ရုပ်ရှင်ပြခန်း လုပ်လိုက်ပါပြီ။ ဒီပြခန်းမှာ ရှေးကျတဲ့ ရုပ်ရှင်ပိုစတာတွေ၊ ရုပ်ရှင်အမှတ်တရပစ္စည်းတွေ၊ အဖြူအမဲ ဂန္တဝင်ရုပ်ရှင်တွေ ပြသဖို့ ကြီးမားတဲ့ ဖန်သားပြင်တစ်ခုလည်း ထားထားပါတယ်။ ၂၀၀၇ ခုနှစ်ကတည်းက ဒီရုပ်ရှင်ပြန်ခန်းဟာ သူ့ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပြီး၊ ရုပ်ရှင်တွေကို အကောင်းဆုံး အရည်အသွေးနဲ့ ပြန်ကြည့်နိုင်အောင်ဖန်တီးပေးခဲ့ပါတယ်။
ဒီလိုနဲ့ပဲ သူက “TÁR”၊ “Pearl”၊ “Nosferatu”၊ “Hereditary”၊ “I Saw the TV Glow” လို မကြာသေးခင်က ထွက်ခဲ့တဲ့ ရုပ်ရှင်တွေကို ကြည့်ပြီး ချီးကျူးခဲ့တာပါ။
ဒီနေ့ခေတ် လူတွက ရုပ်ရှင်ရုံသွားကြည့်ရတာကို သိပ်မကြိုက်ကြတော့ဘူး။ အကြောင်းကတော့ ရုပ်ရှင်ရဲ့ မှော်ဆန်မှုကို ဖျက်ဆီးတဲ့ အာရုံထွေပြားစရာတွေ၊ ဖုန်းတွေ သုံးနေတာ၊ မရိုသေတဲ့ စကားတွေပြောနေတာ၊ ရုပ်ရှင်တစ်ကားကို အတူတူခံစားရမယ့် အတွေ့အကြုံကို ဂရုမစိုက်တာတွေကြောင့်ပါ။
Martin Scorsese က ရုပ်ရှင်ကို သန့်ရှင်းတဲ့အရာလို့ မြင်တဲ့သူအတွက်ကတော့ အမှောင်ခန်းထဲမှာ ဖုန်းတွေ လင်းနေတာဟာ သန့်ရှင်းတဲ့အရာကို ညစ်ညမ်းစေသလို ခံစားရပါတယ်။
လူတွေက ရုပ်ရှင်ကြည့်နေရင်းနဲ့ တစ်ဝက်လောက်မှာ “ဖုန်းကြည့်” ချင်စိတ်နဲ့ ဖုန်းကို စစ်ဆေးကြတယ်၊ ဒါဟာ ရုပ်ရှင်တစ်ကားကို ခံစားသက်ဝင်မှုမှာ အများကြီးသက်ရောက်နိုင်တာပါပဲ။​
ယနေ့ ခေတ်တော်တော်များများဟာ ရုပ်ရှင်ရုံထဲက ဇာတ်ကားထက် ရုပ်ရှင်ရုံထဲ ဖုန်းသုံးရတာ၊ သမီးရည်းစားချင်း ချိန်းတွေ့ကြတာ၊ စကားများတာ စသဖြင့်လုပ်နေကြတဲ့ နေရာကြီးဖြစ်နေပါပြီ။

image