120Hz လည်းပါမယ်၊ အားသွင်းရင်လည်း 50W ကို Wireless နဲ့ရတော့မယ်.. ဒီနှစ် iPhone 17 ကို ဘယ်လိုအပြစ်ပြောရတော့မလဲပဲ 🫠
.
Apple ကနေ MagSafe Wireless Charging စနစ်ကို iPhone 12 Series မှာ စထည့်ပေးလိုက်တယ်။ အဲ့အချိန်တုန်းက iPhone တွေမှာ စပြီး MagSafe နဲ့သွင်းရင် 15W Wireless Charging ရလာတယ်၊ ပုံမှန် Qi Standard Wireless Charger တွေနဲ့ဆိုရင် 7.5W နဲ့ပဲ အားဝင်မယ်။
ဒါကို Apple ကနေ MagSafe ရဲ့ နည်းပညာတော်တော်များများကို Qi Wireless Charging Standard တွေကို ထုတ်နေတဲ့ Wireless Power Consortium (WPC) ကို ထောက်ပံ့ပေးလိုက်တယ်။ အဲ့မှာစပြီး Qi2 ဆိုပြီး iPhone တွေမှာလည်း MagSafe အတိုင်း 15W Wireless Charigng အပြည့်အားသွင်းပေးနိုင်တဲ့ Standard တစ်ခုထပ်ရှိလာတယ် - အခုဆိုရင် Qi2 Wireless Charger တွေအများကြီး ရှိလာပြီး စျေးလည်း MagSafe ထက် ပိုသက်သာသွားပြီ။
နောက်ဆုံး iPhone 16 Series မှာကြတော့ Apple ကနေ ကိုယ်ပိုင် MagSafe Charging ကိုပါ တိတ်တဆိတ် Upgrade လုပ်ခဲ့တယ် - 15W ကနေ 25W အထိ Upgrade ဖြစ်သွားတယ်။ Qi2 မှာတော့ 15W ပဲဖြစ်နေတုန်းပေမယ့် Apple MagSafe Charger ကို 30W Charger လောက်နဲ့တွဲသုံးရင် 25W ရမယ်။
အခုကြတော့ Apple က ထပ်ပြီး iPhone 17 Series ဖုန်းတွေမှာ Wireless Charging ကို Upgrade ထပ်လုပ်ပေးတော့မယ်။ ဘာကြောင့်လဲဆိုတော့ Apple ကနေ A3503 နဲ့ A3502 ဆိုပြီး MagSafe Charger အသစ် (၂) ခုကို ထပ်ထုတ်ဖို့လုပ်နေပြီ - Model ကွာတာက ကြိုးက 1-Meter နဲ့ 2-Meter Version ကွာသွားတာကြောင့်ပါ။
ဒီ MagSafe Charger အသစ်တွေမှာ ထူးခြားသွားတာက Qi2.2 Standard အသစ်ကိုပါ Support လုပ်သွားမယ်။ လက်ရှိ Qi2.2 Wireless Charger တွေ မထွက်သေးပေမယ့် Standard အရ 50W အထိ Wireless Charging နဲ့သွင်းနိုင်မယ် - ဒါက လက်ရှိ Qi2 ရဲ့ 15W ထက်လည်း ၃ ဆ ကျော်မြန်တယ်၊ MagSafe ထက်လည်း ၂ ဆလောက် မြန်သွားပြီ။
ပြီးတော့ MagSafe Charger အသစ်ရဲ့ ပုံမှာလည်း Specs မှာ အမြင့်ဆုံး 15V 3A လို့ ရေးထားတယ်၊ ဆိုတော့ 50W Charger နဲ့တွဲသုံးပြီး MagSafe ကနေလည်း 45W တော့ အနည်းဆုံး ပြန်အားသွင်းပေးနိုင်တော့မယ့် ပုံစံပဲ။
တစ်ခုထူးခြားတာက Apple က MagSafe ထုတ်ပြီးတဲ့အချိန်ထဲက တဖြည်းဖြည်း Wireless Charging ကိုပဲ Upgrade လုပ်လာတယ် - ကြိုးနဲ့ အားသွင်းတာက အခုဆို MagSafe နဲ့ Cable နဲ့သွင်းတာက 25W ဝန်းကျင်နဲ့ အတူတူပဲတောင် ဖြစ်နေပြီ။
ဆိုတော့ MagSafe/Qi2.2 သာ 50W Wireless Charging တွေဖြစ်လာရင် Cable နဲ့ အားသွင်းရင်ရော Upgrade ဖြစ်လာမလား.. နောက်ပိုင်း USB-C Port ပါ ဖြုတ်ချင်လို့ Wireless Charging ကိုပဲ Upgrade တော့မလားပဲ 👀
