3 ပတ် - ဘာသာပြန်ပါ။

UFC အဖွဲ့အစည်းမှာ ထိချက် (၇၅၀) ကို Joshua Van က အမြန်ဆုံးပြည့်သွားတာတဲ့။ (၇) ပွဲအတွင်းမှာ ပြည့်တာပါ။ စတောဝိတ်ချန်ပီယံဟောင်း ပိုလန်သူ Joanna Jedrzejczyk လည်း ဒီအတိုင်းပါပဲ။ ပူးတွဲပေါ့လေ။ ထိချက်ဆိုတာ ခြေ၊ လက်၊ ဒူး၊ တံတောင်အကုန်အကျုံးဝင်ပါတယ်။ တစ်ပွဲချင်းဆိုရင် (၁၀၇) ချက်ထိုးထားတယ်။
UFC အဖွဲ့အစည်းမှာ ထိချက်အများဆုံးထိုးနိုင်တဲ့ ကစားသမားက Max Holloway ဖြစ်ပါတယ်။ (၃,၇၀၆) ချက်ထိုးထားတယ်တဲ့။ ဒါပေမယ့် ဆရာသမားက ပွဲ (၃၀) ကစားထားတာလေ။ Joshua Van က ခြေထွက်လက်ထွက်ကောင်းပါတယ်။
ပထမအချီမှာ Joshua Van က အထလေးပေမယ့် အချီကြာလေ ပိုကောင်းလာလေပါ။ သူအကြိုက်ဆုံးက ဒုတိယအချီလို့ ပြောထားဖူးတယ်။ ဒုတိယအချီဆိုရင် လွှတ်ကြမ်းတာပါ။ ချင်းလေးမောင်ဗန်က ခံယူချက်ကောင်းတယ်။ ဒီအဆင့်ရောက်နေတာတောင် ပေါ်ပင်မမက်ဘဲ လုပ်စရာရှိတာ လုပ်ပြနိုင်တယ်။
တကယ်ဆိုရင် Joshua Van က ကမ္ဘာ့အဆင့်ဖိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်မို့လို့လည်း UFC အဖွဲ့အစည်းမှာ အဆင့်ချိတ်တာပါ။ UFC Contract ရဖို့တောင် လွယ်တာမှတ်လို့။ စာချုပ်ရရင်လည်း အဆင့်ချိတ်ဖို့ မနည်းကြိုးစားရတာပါ။ UFC အဖွဲ့အစည်းမှာ (၆) ပွဲနိုင်ပြီး (၁) ပွဲပဲ ရှုံးထားတယ်။
Joshua Van ရဲ့ အားနည်းချက်က လက်တံတိုတာပါ။ အကောင်သေးတာက ကြွက်သားထုထည်တင်လို့ရပေမယ့် လက်တံက ဆွဲဆန့်လို့ မရပါဘူး။ Henry Cejudo တို့လည်း လက်တံတိုပေမယ့် ဝိတ်တင်ပြီး ဘင်တန်ဝိတ်တန်းမှာ ကစားနေတာမလား။ ဘောက်ဆင်စကေးကောင်းတာမို့ လက်တံတိုတာက အခုချိန်မှာ သိပ်မသိသာသေးဘူး။ ထိပ်တန်းအဆင့်ရောက်ရင် ရုန်းကန်ရနိုင်တယ်။

image