3 w - Translate

တတိယအချီမှာ Joshua Van က Bruno Gustavo da Silva ကို အလဲထိုးသွားပါတယ်။ Joshua Van ရဲ့ ဘောက်ဆင်စကေးက တော်တော်ကောင်းတာပါ။ ပါဝါလည်း တက်လာတယ်။ တစ်ပွဲထက် တစ်ပွဲက ပိုကောင်းလာတာပါ။ ပွဲတွင်းဝိတ်က သိပ်မကွာပါဘူး။
ဘရာဇီးသား Bruno Gustavo da Silva က အောက်ခြေကန်ပြီး Joshua Van ရဲ့ လှုပ်ရှားမှုတွေကို ဖျက်ဆီးချင်တာပါ။ အစောပိုင်းမှာ အောက်ခြေကန်ချက်ကြောင့် Joshua Van လည်း ထိုင်လဲသွားရတယ်။ မထင်မှတ်ဘဲ အငိုက်မိသွားရတာပါ။
Joshua Van က ဘယ်ထောက်လက်သီးတွေသုံးပြီး အစပြုလာတယ်။ ညာဝိုက်လက်သီးက တော်တော်ကောင်းတာပါ။ ကောင်တာညာဝိုက်လက်သီးကြောင့် Bruno Gustavo da Silva က လဲကျသွားရတယ်။ Bruno Gustavo da Silva ရဲ့ အောက်ခြေကန်ချက်တွေက အန္တရာယ်များပါတယ်။ ပထမအချီမှာ Joshua Van က သာပါတယ်။
ဒုတိယအချီမှာလည်း Joshua Van ရဲ့ ဘောက်ဆင်စကေးကို Bruno Gustavo da Silva က မခံနိုင်ပါဘူး။ အကြိမ်ကြိမ်လဲကျပြီး အထိနာရတယ်။ Bruno Gustavo da Silva က အောက်ခြေကန်တာပဲ။ Joshua Van ရဲ့ လက်သီးတွေက တော်တော်ကောင်းနေတာပါ။ ကြမ်းပြင်ပေါ်မှာ ခွထိုးခွင့်ရတယ်။ ဒုတိယအချီမှာလည်း Joshua Van သာပါတယ်။
Bruno Gustavo da Silva လည်း မာဂုဏ်မြင့်ပေမယ့် တတိယအချီမှာ မလိုက်နိုင်တော့ပါဘူး။ ဒုတိယအချီမှာတည်းက အထိနာသွားရတာပါ။ Joshua Van ရဲ့ ကောင်တာညာဝိုက်လက်သီးက တော်တော်ကောင်းတာပါ။ Hand Speed က လန့်စရာကြီး။

image