တစ်စုံထဲက တစ်ယောက်ကို
သဘောကျမိရင်း
ငါတို့ဟာ ကိုယ့်အသည်းကို ကိုယ်ပြန်ခွဲကြ
လွမ်းစရာရှိရင် နာစရာနဲ့ဖြေ တဲ့
လွမ်းစရာကိုပဲတွေးတွေး
နာစရာကိုပဲတွေးတွေး
နှစ်ခုစလုံးက သတိရတာပဲမဟုတ်လား ။
တစ်ခါမှတောင် မပိုင်ဆိုင်ခဲ့ရပဲ
ထပ်ခါ ထပ်ခါ ဆုံးရှုံးနေရတယ် ။
အဝေးက ငေးနေရတာလေးကိုပဲ
ကျေနပ်ပါတယ်ဆိုရင်တောင်
အဝေးက ငေးနေခွင့်မရှိတော့တာမျိုး ။
ဘယ်တော့မှ ပြန်ဆုံမတွေ့ရဘူး ဆိုတဲ့ အသိဟာ
ကမ်းတွေကို လိုင်းဖြိုသလို ။
ရွက်ဝါတွေကို လေရူးခြွေသလို နာကျင်စရာအတိ ။
သူစိမ်းဟာ သူစိမ်း ပြန်ဖြစ်သွားတဲ့
အခိုက်အတန့်တွေမှာ ကိုယ်ဟာ ဘာမှမတတ်နိုင်ခဲ့ ။
#မယ်ညို
#သူ့ကိုချစ်မိအပြစ်ရှိ၏
