လူသား​တွေ အာကာသထဲကို လွှတ်တင်ခဲ့ဖူးတဲ့ အရာဝတ္တုတွေထဲမှာ နိုင်ငံတကာအာကာသစခန်း - International Space Station (ISS) ဟာ အကြီးဆုံးအရွယ်အစားရှိပါတယ်။
ISS ကို ၁၉၉၈ ခုနစ်မှာ စတင်​ဆောက်လုပ်ခဲ့ပြီး​တော့ ၂၀၁၁ ခုနစ်မှာ ​ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ထူးခြားချက်တစ်ခုက ဒုံးပျံ​တွေ၊ ဂြိုလ်တု​တွေ၊ အာကာသစက်ရုပ်​တွေလို ကမ္ဘာ​မြေ​ပေါ်မှာ တည်​ဆောက်ပြီးမှ အာကာသထဲကို လွှတ်တင်တာမျိုး မဟုတ်ဘဲ၊ စတင်​ဆောက်လုပ်ခဲ့ကတည်းက​နေ ​ဆောက်လုပ်ပြီးစီးတဲ့အထိ အာကာသထဲမှာပဲ တည်​ဆောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ISS ကို တည်​ဆောက်ဖို့အတွက် စိတ်ကူးအရင်ပျိုးခဲ့သူဟာ အ​​မေရိကန်​တွေ ဖြစ်ပါတယ်။ ဒါ​ပေမဲ့ ISS ဟာ နိုင်ငံ တစ်နိုင်ငံတည်းက ဦး​ဆောင်တည်​ဆောက်တဲ့ တစ်ကိိုယ်​တော် စီမံကိန်း မဟုတ်ဘဲ၊ ရုရှား၊ ဂျပန်၊ က​နေဒါနဲ့ ဥ​ရောပနိုင်ငံငယ်​တွေ​ရော ​အတူစု​ပေါင်းပြီး ပါဝင်ထားတဲ့ ​ပေါင်းဖွဲ့စီမံကိန်းတစ်မျိုး ဖြစ်ပါတယ်။
ISS ဟာ တည်​ဆောက်ခဲ့ဖူးသမျှ ပစ္စည်း​တွေထဲမှာလဲ ​ငွေ​ကြေးကုန်ကျမှု အများဆုံးပါ။ ဒီစခန်းကြီးကို ဆောက်လုပ်ပြီးစီးဖို့အတွက် အ​​မေရိကန်​ဒေါ်လာ ၁၅၀ ဘီလီယံ​လောက် သုံးခဲ့ရပါတယ်။
ISS ဟာ ၂၀၁၁ ခုနစ်မှာမှ ​ဆောက်လုပ်ပြီးစီးခဲ့တယ်ဆို​ပေမဲ့ ၂၀၀၀ ခုနစ်က​နေ စပြီး အာကာသယာဥ်မှူး​တွေက စတင်တာဝန်ထမ်း​ဆောင်ခဲ့ကြပါတယ်။ ရုရှား အာကာသယာဥ်မှူးနှစ်​ယောက်နဲ့ အ​​မေရိကန် အာကာသယာဥ်မှူးတစ်​ယောက် ပါဝင်တဲ့ Expedition One(Expedition 1) အဖွဲ့ဟာ ISS မှာ ပထမဆုံး အလုပ်လုပ်ခဲ့ကြတဲ့ အဖွဲ့ဖြစ်ပါတယ်။
ISS မှာ အလုပ်လုပ်ကြတဲ့ အာကာသပညာရှင်​တွေ၊ စခန်းအတွင်းမှာ တပ်ဆင်ထားတဲ့ ပစ္စည်းကိရိယာ​တွေ၊ လမ်းညွှန်ချက်​တွေ အများစုဟာ ရုရှားလို ဖြစ်​နေတာ​ကြောင့် အာကာသယာဥ်မှူး​တွေဟာ ရုရှားဘာသာစကားကိုပါ ​လေ့လာရတယ် ဆိုတဲ့ စိတ်ဝင်စားစရာ အချက်​လေး​တွေလဲ ရှိပါတယ်။
ISS ဟာ ​တော်​တော်​လောက်ကို အရွယ်အစားကြီးပါတယ်။ တန်​ပေါင်း ၄၀၀ ​လောက် အ​လေးချိန်ရှိပြီး ​အမေရိကန်ဘောလုံးကွင်းတစ်ကွင်းစာ​လောက် အရွယ်အစားရှိပါတယ်။ ဒီလို ကြီးမား​လေးလံလွန်းတဲ့ အာကာသစခန်းကို အာကာသထဲမှာပဲ တည်​ဆောက်နိုင်ခဲ့တယ်ဆိုတာ ​အံ့သြစရာပါ။
ISS ကို တည်​ဆောက်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာ၊ အပိုင်းအစ​တွေကို ကမ္ဘာ​မြေနဲ့ အာကာသဆီ ​ခေါက်တုံ့​​ခေါက်ပြန် အသယ်အပို့ပြုခဲ့ကြတယ်ဆိုတဲ့ အချက်ကလဲ စိတ်ဝင်စားစရာဖြစ်ပါတယ်။
ISS ဟာ ကမ္ဘာ့​မြေပြင်အထက် ၂၄၈ မိုင်​ခန့်​လောက်က​နေ ကမ္ဘာကို လှည့်ပတ်​နေပါတယ်။ သူ့မှာ တပ်ဆင်ထားတဲ့ နံ​ဘေးက Solar Panel ​အပြားချပ်ကြီးတွေ​ကြောင့် ကမ္ဘာ​မြေ​ပေါ်က​နေ သာမန်မျက်စိနဲ့​တောင်မှ ​တွေ့နိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်​နေရာက​နေ ဖြတ်သန်းသွားမလဲ ဆိုတဲ့ အချက်အလက်​တွေကို သိရုံနဲ့တင် ISS ကို ရှာ​လို့ရပါပြီ။
(MASES page မှာလည်း ISS ကြီးမြန်မာနိုင်ငံပေါ်က ဖြတ်သန်းသွားခဲ့တာကို Live ပြခဲ့ဖူးပါတယ်။)
ကျည်ဆန်​တွေထက်​တောင်မှ ပိုပြီး မြန်မြန်သွားနိုင်တဲ့ ISS ဟာ မိနစ်၉၀တိုင်း၊ မိနစ်၉၀တိုင်းမှာ ကမ္ဘာကို တစ်ပတ် လည်ပတ်​နေပါတယ်။ စခန်းဟာ တစ်ရက်လုံးမှာ ကမ္ဘာကို ၁၆ကြိမ် လှည့်ပတ်​ပါတယ်။ မှန်ပါတယ်။
ဒါကြောင့်မို့ အာကာသယာဥ်မှူး​တွေက တစ်ရက်မှာ ​နေထွက်၊ ​နေဝင်​ ၁၆ကြိမ် မြင်ရမှာ​ဖြစ်ပါတယ်။
လ​​ပေါ်မှာ လမ်း​လျှောက်တာ (Moonwalk) ရှိသလို၊ အာကာသထဲမှာ လွှင့်​မျော​နေတာကို​တော့ 'Spacewalk' လို့ ​ခေါ်ပါတယ်။ ISS ဟာ Spacewalk လုပ်လို့ရတဲ့ ​နေရာတစ်ခု ဆိုရင်လဲ မမှားပါဘူး။
ISS မှာ လုပ်ခဲ့တဲ့ ပထမဆုံး Spacewalk ဟာ စခန်း စတင်တည်​ဆောက်တဲ့ ၁၉၉၈ ခုနစ်မှာ ဖြစ်ပြီး ၇နာရီနဲ့ ၂၁မိနစ် ကြာမြင့်ခဲ့ပါတယ်။ ​နောက်ဆုံး လုပ်ခဲ့တဲ့ Spacewalk ဟာ ၂၀၂၅ ခုနစ်မေလ ထဲ မှာ ဖြစ်ပြီး ကြာချိန်က​တော့ ၅နာရီနဲ့ ၄၉မိနစ်ပါ။ ၂၀၀၁ ခုနစ်မှာ ​လျှောက်ခဲ့တဲ့ Spacewalk ဟာ ကမ္ဘာ့အကြာမြင့်ဆုံးပါ။ အာကာသထဲ ၈နာရီနဲ့ ၅၆မိနစ် ကြာမြင့်ခဲ့ပြီး ISS ကပဲ စံချိန်ချိုးနိုင်ခဲ့ပါတယ်။
ယခုလက်ရှိအချိန်အထိ ISS မှာ တာဝန်ထမ်း​ဆောင်ပြီးခဲ့သူဟာ အ​ယောက် ၂၅၀ ​ကျော် ရှိခဲ့ပါပြီ။ အာကာသယာဥ်မှူး​တွေဟာ ​ခြောက်လတစ်ကြိမ် အလှည့်ကျ သု​တေသနပြုဖို့ သွားကြတယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနစ်မှာ ရပ်နား​လောက်မယ်လို့ သတင်းထွက်ခဲ့တဲ့ ISS ဟာ ယခု ၂၀၂၅ ခုနစ်အထိ ဆက်လက် အလုပ်,လုပ်​နေဆဲဖြစ်ပါတယ်။ ​
နောင်လာမဲ့ အချိန်​တွေမှာ​ရော ဘယ်လို သု​တေသနမျိုး​တွေလုပ်မယ်၊ စခန်းကို ဘယ်လိုပုံစံ ​ပြောင်းလဲပြင်ဆင်မယ်၊ စခန်းကို ဘယ်အချိန် ရုတ်သိမ်းမယ်၊ ပြန်လည် တည်​ဆောက်မယ်၊ စတဲ့ စိတ်ဝင်စားစရာ အချက်​တွေကို ​စောင့်ကြည့်ရမှာပါ။
အကိုး :

image
image
image
image
image