❛ နှလုံးလှဆရာဝန် ❜ ဟာ
ကနေဒီယန်း ခွဲစိတ်ကုဆရာတစ်ယောက်ဖြစ်တဲ့
နော်မန်ဗက်သွန်းရဲ့ ဘဝအကြောင်းကို
ဇာတ်လမ်းပြုရေးဖွဲ့ထားတဲ့ ဘာသာပြန်
ဝတ္ထုကောင်းတစ်ပုဒ်ပါ။ နော်မန်ဟာ
ငယ်စဉ်ကပင် အနုပညာကို ဝါသနာပါခဲ့သူ
ဖြစ်ပြီး ဆရာဝန် မဖြစ်မီကပင် စာပေနှင့်
ပန်းချီကားများကို စွဲလန်းသူ၊ ပန်းချီကား
ရောင်းဝယ်ရေးလုပ်ခဲ့သူဖြစ်ပါတယ်။
ဘဝခရီးတစ်လျှောက် အောင်မြင်တဲ့
ဆရာဝန်တစ်ယောက်အဖြစ်ကနေ
စပိန်ပြည်တွင်းစစ် နဲ့ တရုတ် - ဂျပန်
စစ်ပွဲကာလတွေမှာ ဘယ်လို
သရုပ်ဆောင်သွားမလဲဆိုတာ
နှလုံးလှဆရာဝန်မှာ တွေ့ရှိရပါမယ်။
အထူးသဖြင့် နော်မန်ဟာ ဖက်ဆစ်ဂျပန်
ကျူးကျော်တပ်တွေကို တိုက်ထုတ်ရာမှာ
ရွတ်ချွံစွာ ပါဝင်ခဲ့တာကြောင့်
တရုတ်တော်လှန်ရေး သူရဲကောင်းတွေကြား
"ပိုင်ချူအင်" အဖြစ် အမြတ်တနိုး
ခေါ်ဝေါ်ကြတဲ့အထိ ကျော်ကြားခဲ့တယ်။
တရုတ်-ဂျပန်စစ်ပွဲကြီးစတင်ပြီး
ခြောက်လခန့်အကြာမှာ တရုတ်နိုင်ငံသို့
ရောက်ခဲ့တဲ့ နော်မန်ဟာ စစ်မြေပြင်ဒဏ်ရာများ
ကုသရာတွင် ဆန်းသစ်တဲ့နည်းပညာများကို
မိတ်ဆက်ခြင်း ကဲ့သို့ ထူးကဲစွာ တာဝန်ကို
ချဉ်းကပ်မှုကြောင့်လည်း သူဟာ ဒဏ္ဍာရီတွင်တဲ့
အထိ ဖြစ်ခဲ့ရတာပါ။ မူရင်းဝတ္ထုဟာ
ကမ္ဘာကျော်စာအုပ်ဖြစ်ခဲ့ပြီး ဆရာကျော်အောင်က
နှလုံးလှဆရာဝန် အမည်နဲ့ ဘာသာပြန်တဲ့
အခါမှာလည်း ဖတ်ရှုသူတိုင်း သဘောကျတဲ့
ဘာသာပြန်စာအုပ်ကောင်းတစ်အုပ် ဖြစ်လာပါတယ်။
▪️စာညွှန်း - Mahar Sarpay / မှ
× × ×
▫️ နှလုံးလှဆရာဝန် ▫️
