❝ တော်လ်စတွိုင်း ဝတ္ထုတိုများ ❞
စာရေးဆရာကြီး လီယိုတော်လ်စတွိုင်းသည်
သူ၏ဘဝအမြင်၊ လောကအမြင်နှင့်
လူ့ကိုယ်ကျင့်တရားများကို
သူ့ဇာတ်ကောင်များမှ တစ်ဆင့်
စာဖတ်ပရိသတ်ထံ တင်ပြလေ့ရှိသည်။
ယခု ဤစာအုပ်ပါ ပုံပြင်ဝတ္ထုတို
နှစ်ဆယ့်သုံးပုဒ်တွင်လည်း ထိုသဘောအတိုင်းပင် ဖြစ်သည်ကို တွေ့ရ၏။ အချို့သော ပုဂ္ဂိုလ်များ
ကတော့ ဤပုံပြင်ဝတ္ထုတိုများကို
ဖတ်မိကြသည့်အခါ ရုရှားစာရေးဆရာကြီး
တော်လ်စတွိုင်း၏ အတွေးအမြင်နှင့်
အယူအဆများသည် ဗုဒ္ဓဘာသာနှင့်
အလွန်နီးစပ်သည်ဟု ဆိုကြသည်။
မည်သို့ပင်ဖြစ်စေ လူတို့၏ ကိုယ်ချင်းစာတရား
နည်းပါးမှု၊ မေ့မေ့လျော့လျော့နေတတ်မှု၊
လောဘ၊ ဒေါသ၊ မောဟနှင့် မာန်မာနကြီးမားမှု၊
ငါနှင့် ငါသာ နှိုင်းစရာဟူသော
အမြင်ကျဉ်းမြောင်းမှု၊ အချင်းချင်း
အကြင်နာတရား ကင်းမဲ့မှု၊ အသိပညာ
နည်းပါးခြင်းကို အခြေခံသောမိုက်မဲမှု . . .
စသည် စသည်များနှင့် ဆက်စပ်
ပတ်သက်နေသည့် အကြောင်းအရာများကိုမူကား
ဤပုံပြင်ဝတ္ထုတိုများထဲတွင်
တွေ့မြင်ကြရလိမ့်မည်ဟု ထင်ပါသည်။
• မောင်ထွန်းသူ •
