3 ပတ် - ဘာသာပြန်ပါ။

❛ ညိုဟာ အစ်ကို့ဆီက အဝေးကို
ပြေးမှဖြစ်တော့မယ် အစ်ကိုရယ်၊
ညို့ဘဝ နိဂုံးကိုတောင်
ညို အဆုံးသတ်ပစ်လို့ ရရင်
သတ်ပစ်လိုက်ပါရဲ့။
ခုတော့ မျက်မမြင်လည်း ဖြစ်ပြန်
နူနာရောဂါလည်း ကပ်ငြိနေပြန်၊
အထီးကျန် အဘိုးအိုလည်း ဖြစ်ပြန်တဲ့
ဘဘကို မရဏပြည် မလှမ်းမီအထိတော့
စောင့်ရှောက် ကျွေးမွေးရမယ့် ဝတ္တရားက
ရှိနေသေးလို့ အစ်ကို ရှာမတွေ့နိုင်မယ့်
နေရာကိုပြေးပြီး ဘဝသစ်ထူထောင်ဖို့
ဆုံးဖြတ်လိုက်ပါတော့တယ်။
ညို့ကို လိုက်မရှာပါနဲ့တော့ အစ်ကိုရေ ..။
ညို့ကို လိုက်ရှာမနေပါနဲ့တော့ …။
ညို ဒီစာကို ရေးပြီးပြီးချင်း ...
မမမေဂျာရဲ့ လက်ထဲ ကို ထည့်ပေးပြီး
ကျိုက်ခေါက်ဘုရားခြေတော်ရင်းကခွာဖို့
ဆုံးဖြတ်ပြီးပါပြီ၊ အစ်ကိုလာလည်း
ညို့ကို တွေ့ရတော့မှာ မဟုတ်ပါဘူး၊
အဲ .. အစ်ကို့နှလုံးသား
ငြိမ်းအေးစေပါတော့ လို့
ရည်စူးပြီး ညို ဘုရားမှာထိုးထားခဲ့တဲ့
အင်ကြင်းပန်း တွေကို တွေ့ရင်တော့
တွေ့ရပါလိမ့်မယ် ❜
_ _ _ _ _ _ _ _ _
ရုပ်ရှင်မင်းသား / အဆိုတော် / စွယ်စုံရ
အနုပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ဝင်းဦး
ရေးသားခဲ့သော လုံးချင်းဝတ္ထုရှည်
❝ မိန်းမလှအမုန်း ❞

image