3 ပတ် - ဘာသာပြန်ပါ။

❝ Hip Hop ❞ ကို မြန်မာနိုင်ငံက
ဘယ်လိုကြိုဆိုကြသလဲ ?
သက္ကရာဇ် ၂ဝဝဝ အစောပိုင်းလောက်ကနေ စပြီး´´အကုန်လုံး ထကြ၊ အကုန်လုံး ထက “ ဆိုတဲ့
အသံတွေနဲ့အတူ ကျွန်တော်တို့မြန်မာနိုင်ငံမှာ
ဂီတပုံစံအသစ်တစ်ခုက ရုတ်တရက်
ဝင်ရောက်လာပါတယ်။ ချက်ခြင်းဆိုသလိုပဲ
နိုင်ငံအနှံ့အပြားကလူငယ်တွေ
``အကုန်လုံး ထက´´ ကုန်ကြတယ်။
အဲဒီ အရှေ့နှစ်တွေမှာတုန်းကဆို
ကျွန်တော်တို့နိုင်ငံက အခွင့်အရေးတွေ
ပိတ်ဆို့ခံထားရတဲ့ ကျွန်တော်တို့နိုင်ငံကလူတွေဟာ
ဟိုး အမေရိကနိုင်ငံမှာရှိတဲ့ Hip Hop ဆိုတဲ့
ဂီတကို ကြားဖူးဖို့ဝေး လူမည်း လို့ ရှိမှန်းတောင်
မသိခဲ့ကြဘူး။ အဲဒီ Hip Hop ဂီတက
တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့ဝင်ရောက်အခြေချနေတာ
ဆယ်စုနှစ် နှစ်ခုတောင် ကျော်နေခဲ့ပြီ။
ဒီမှာတော့ ACID ရဲ့ ´စတင်ခြင်း´
အခွေထွက်လာမှ Hip Hop ကို စသိသွားကြတဲ့
လူတွေ များပါတယ်။ တယ်။
(များပါတယ်ပဲပြောတာပါ။ အားလုံးကို မဆိုလို)
လူဆိုတာကလည်း ကိုယ်နားမလည်နိုင်လောက်တဲ့ အပြောင်းအလဲတစ်ခုဆိုရင် ချက်ချင်း
လက်သင့်မခံချင်တတ်ကြဘူးလေ . . .
▪️Episode - 0 ( နိဒါန်း / မှ )
▪️ငါတို့ဂီတရာဇဝင်▪️

image