3 w - Translate

အကန့်အသတ်နဲ့သုံးရတဲ့ မြောက်ကိုရီးယားရဲ့ အင်တာနက်ဟာ အကြီးအကျယ် ပြတ်တောက်မှုဖြစ်ပွား
သန်းချီရှိတဲ့ လူဦးရေ ရဲ့ ရာခိုင်နှုန်း အနည်းငယ်ကသာ အင်တာနက် ကို အကန့်အသတ်နဲ့ သုံးရပြီး အဆိုပါအင်တာနက်ကလည်း စနေနေ့မနက်မှာ အကြီးအကျယ် ပြတ်တောက်မှုဖြစ်ပွား ခဲ့ပါတယ်။ အပြင်ဘက်ကနေ တိုက်- ခိုက်လို့အင်တာနက် ပျက်ခဲ့တာမဟုတ်ဘဲ အတွင်းပိုင်းကချို့ယွင်းတာကြောင့်ပျက်တာဖြစ်ဖို့များပါတယ်။အစိုးရ နဲ့ သတင်းဋ္ဌာနတွေရဲ့ website တွေ သုံးမရတဲ့ အပြင် တရုတ် နဲ့ ရုရှားကနေတစ်ဆင့် ဝင်ရောက်တဲ့ အင်တာနက်ဆိုင်ရာ လမ်းကြောင်းအားလုံးလည်းထိခိုက်တာပါ။ မြောက်ကိုရီးယားအင်တာနက်အခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ အင်္ဂလန် အခြေစိုက် သုတေသီက ဖွင့်ဟလို့သာ အဲဒီလိုပြတ်တောက်မှု ဖြစ်ပွားတာကိုသိကြရတာပါ။

image