3 ပတ် - ဘာသာပြန်ပါ။

Youtube ကဗီဒီယိုကြည့်ပြီး ကိုယ်ဘာသာခွဲစိတ်သူ နောက်ဆုံးမှာ ဆေးရုံကိုရောက်
ဆေးမကုတတ်ဘဲနဲ့ Youtube ကဗီဒီယိုကို ကြည့်ပြီး ကိုယ်ဘာသာကို ခွဲစိတ်တာတွေလုပ်ဆောင်ခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် အိန္ဒိယ က အမျိုးသားတစ်ယောက်ဟာ နောက်ဆုံးမှာတော့ ဆေးရုံတက် ကုသမှု ခံယူခဲ့ရပါတယ်။ ဗိုက်အောင့်တဲ့ ဝေဒနာကို ဆရာဝန်တွေနဲ့ ပြသရာမှာ မသက်သာလို့ ကိုယ်ဘာသာကုဖို့ဆုံးဖြတ်ကာ အွန်လိုင်းက ဗီဒီယိုတွေကြည့်ခဲ့ပါတယ်။ အဲဒီနောက် ခွဲစိတ်ဖို့ လိုအပ်တဲ့ကိရိယာတွေဝယ်ကာ အခန်းတံခါးကိုပိတ် ကိုယ်ဘာသာခွဲခဲ့တာပါ။နောက်ဆုံးမှာတော့ သွေးမတိတ်လို့ မိသားစုကို အကူအညီတောင်းပြီးနောက် ဆေးရုံပေါ်ကို ရောက်ခဲ့ရပါတယ်။

imageimage