3 ပတ် - ဘာသာပြန်ပါ။

One-Tap Infinix AI ∞ နဲ့ 90W အဆင့်မြင့် အားသွင်းစနစ်ပါဝင်ပြီး MLBB နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ NOTE 50 SERIES လာပါပြီ!
NOTE 50 SERIES ကတော့ One-Tap Infinix AI∞၊ ချောမွေ့လှပတဲ့ သတ္တုဘောင်ဒီဇိုင်းနဲ့ အဆင့်မြင့် အားသွင်းစွမ်းဆောင်ရည်သစ်များအပါအဝင် ဆန်းသစ်တဲ့ နည်းပညာတွေပါဝင်တဲ့ True Flagship စမတ်ဖုန်း စီးရီးတစ်ခုဖြစ်ပါတယ်။ ဒီဖုန်းမှာဆိုရင် ထုတ်လုပ်မှုစွမ်းရည်နဲ့ ထိရောက်မှုကို မြှင့်တင်ပေးဖို့ ဒီဇိုင်းထုတ်ထားတဲ့ Infinix AI∞ စမတ်အကူစနစ်ကို မိတ်ဆက်ပေးထားပါတယ်။ Power ခလုတ်ကို တစ်ချက်နှိပ်ရုံနဲ့ မေးခွန်းတွေကို ချက်ချင်းဖြေရှင်းနိုင်တာ၊ ဓာတ်ပုံတွေကို အလွယ်တကူပြုပြင်နိုင်တာ၊ စာသားတည်းဖြတ်တာနဲ့ AI ဖန်တီးမှုတွေကိုလည်း လွယ်ကူစွာ ရှာဖွေလေ့လာနိုင်ပါတယ်။
NOTE 50 PRO ကို 90W All-Round Fast Charge 3.0 နည်းပညာနဲ့ Hyper Mode ကို အသုံးပြုပြီး ၁% မှ ၁၀၀% အထိ ၃၈ မိနစ်အတွင်း အားပြည့်စေနိုင်တဲ့ အဆင့်မြင့် အမြန်အားသွင်းစနစ်အတွက် ပထမဆုံးသော စံချိန်သစ်တစ်ခုကို စိုက်ထူထားပါတယ်။ ၆.၇၈ လက်မ 144Hz AMOLED ဖန်သားပြင်၊ 50MP OIS Night Master Camera တွေနဲ့ ညဘက်မှာ ဓာတ်ပုံတွေကို ရှင်းလင်းစွာ ရိုက်ကူးနိုင်ပါတယ်။ Game Assistant XBOOST နဲ့ E-Sport Mode ကို တစ်ချက်နှိပ်ရုံနဲ့ power-saving balance နှင့် performance modes ကြား လွယ်ကူစွာ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ NOTE 50 Pro မှာ JBL Dual Speakers၊ IP64 Dust & Water Resistance၊ NFC Support နဲ့ Infrared Remote Control တို့ပါဝင်ပြီး ပိုမိုပြည့်စုံတဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်ပါတယ်။ NOTE 50 Pro ဟာ သုံးစွဲသူတွေရဲ့ တက်ကြွလှုပ်ရှားတဲ့ နေထိုင်မှုပုံစံကို အပြည့်အဝ အထောက်အကူပြုမယ့် စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။
NOTE 50 PRO မှာ ရရှိနိုင်မယ့် အရောင်တွေကတော့ Titanium Grey၊ Enchanted Purple၊ Racing Grey နဲ့ Special Racing Edition တို့ပဲဖြစ်ပါတယ်။ Infinix NOTE 50 Series ဖုန်းတွေကို အနိမ့်ဆုံးဈေးနှုန်း ၈၄၉,၉၀၀ ကျပ်ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး ၈၉,၉၀၀ ကျပ် တန်ဖိုးရှိတဲ့ Power Bank ကို အထူးလက်ဆောင်အဖြစ် ရရှိမှာဖြစ်ပါတယ်။

image