3 w - Translate

တစ်ယောက်ချင်း ပိုက်ဆံရှာတဲ့နေရာမှာ OnlyFan ကို မမှီတဲ့ Apple

အချက်အလက်သမားတစ်ယောက်ရဲ့ ရှုထောင့်မှာ OnlyFans လောက် မြတ်တဲ့ ကုမ္ပဏီမရှိပါဘူး။

ဝန်ထမ်းတစ်ယောက်ချင်း ပိုက်ဆံရှာပေးနေတဲ့ နေရာမှာ OnlyFans ကို Apple လည်း မယှဉ်နိုင် ၊ Nvidia လည်း အနားမကပ်နိုင်ပါဘူး။ OnlyFans ဆိုရင် အများသိပြီးသား ဖြစ်မှာပါ။ content subsription ပလက်ဖောင်းဆိုပေမယ့် အဓိကက လူကြီးကြိုက် content တွေကို subscription နဲ့ သွားနေတဲ့ ပလက်ဖောင်းပါ။

OnlyFans ပေါ်လာတာ ၁၀ နှစ်တောင် မပြည့်သေးပါဘူး။ ဝန်ထမ်းကလည်း ၂၀၂၂ တုန်းက ၁၀၀၀ ရှိခဲ့ပေမယ့် မနှစ်က ၄၂ ယောက်နဲ့ပဲ လည်ပတ်ပါတယ်။ ဝင်ငွေက Creator တွေဆီက ကော်မရှင် ၂၀% နဲ့ပဲ သွားတာပါ။ ဒီ ၄၂ ယောက်နဲ့ သွားတဲ့ ကုမ္ပဏီရဲ့ ၂၀၂၃ ဝင်ငွေက ဒေါ်လာ ၁.၃ ဘီလျံအထိ ရှိခဲ့ပါတယ်။ ၂၀၂၂ ကထက် ဝင်ငွေ ၂၀% တက်လာတာပါ။

လူ ၄၂ ယောက် ဒေါ်လာ ၁.၃ ဘီလျံဆိုတဲ့ ကိန်းဂဏန်းတွေက လူတစ်ယောက်ကို ဒေါ်လာ ၃၁ သန်းလောက် ရှာပေးနေတာပါ။ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Apple ရဲ့ ဝန်ထမ်းတစ်ယောက်နဲ့ ကုမ္ပဏီဝင်ငွေအချိုးက ဒေါ်လာ ၂.၃၄ သန်း ၊ Nvidia က ၃.၆ သန်း စတဲ့ အမြင့်ဆုံးကုမ္ပဏီတွေနဲ့ တစ်ဦးချင်း ဝင်ငွေရှာပေးနိုင်မှုနဲ့ ယှဉ်ရင် အဆဆယ်ချီ များနေတာပါ။

OnlyFans ရဲ့ ဒီဂျစ်တယ်စီးပွားရေးမော်ဒယ်က တော်တော်လေး ထူးခြားရိုးစင်းပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေလို အင်ဂျင်နီယာတွေ ၊ မန်နေဂျာနဲ့ အရောင်းပိုင်းပညာရှင်တွေ ရာထောင်ချီ မခန့်ဘဲ content creator ကို သူ့ပရိသတ်နဲ့သူ တိုက်ရိုက်ပေးတွေ့ပြီး သူက နောက်ကွယ်က ငွေပေးငွေချေလုပ်တာ ၊ ပလက်ဖောင်းကို ထိန်းကျောင်းတာတွေ လုပ်ပါတယ်။

တချို့ဆို ပုံမှန်အလုပ်တစ်ဖက်နဲ့ OnlyFans မှာ ကြားပေါက်အလုပ် လုပ်လာတဲ့သူတွေ ရှိလာပါတယ်။ creators တွေထဲမှာလည်း OnlyFans ကနေ တစ်လ ဒေါ်လာ ၄ သန်းအထိ ဝင်ခဲ့သူတွေ ရှိပါတယ်။ မနှစ်ကအထိ OnlyFans မှာ မှတ်ပုံတင်ထားတဲ့ users ၃၀၅ သန်းနဲ့ creators ၄.၁၁ သန်း ရှိတယ်လို့လည်း အချက်အလက်တွေက ဖော်ပြနေပါတယ်။

အိုင်ဒီယာကောင်းတဲ့ ဒီဂျစ်တယ်စီးပွားရေးတစ်ခုက လူများများ သုံးစရာမလိုဘဲ ပိုက်ဆံဘယ်လောက်ရှာနိုင်လဲ မေးလာရင် OnlyFan ကို ပြေးမြင်ကြမှာပါ။

image