3 ပတ် - ဘာသာပြန်ပါ။

5G စက်ရုပ်သုံးပြီး မိုင် ၅၀၀၀ က လူနာကို ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်
ဆေးပညာသမိုင်းမှာ တရုတ်နိုင်ငံက သမိုင်းဝင်ခွဲစိတ်မှုတစ်ခု မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဆရာဝန်နဲ့ လူနာ ကီလိုမီတာ ၈၀၀၀ (မိုင်ပေါင်း ၄၉၇၀) အကွာကနေ ခွဲစိတ်ကုသပေးခဲ့တဲ့ ဖြစ်ရပ်ပါ။ အီတလီနိုင်ငံ ရောမမြို့မှာ နေထိုင်တဲ့ တရုတ်ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာကျန်းရှုက ဘေဂျင်းဆေးရုံမှာ ရှိတဲ့ ဆီးကျိတ်ကင်ဆာလူနာကို ခွဲစိတ်ပေးခဲ့ပါတယ်။
ကမ္ဘာတိုက်ကြီးတွေ ဖြတ်ကျော်ပြီး မိုင် ၅၀၀၀ နီးပါးကနေ ခွဲစိတ်မှုမှာ ဒေါက်တာကျန်းရှုက 5G ခွဲစိတ်စက်ရုပ်အသုံးပြုခဲ့တာပါ။။ ရောမက ဆရာဝန်ကြီး လှုပ်ရှားတဲ့အတိုင်း ဘေဂျင်းမှာရှိတဲ့ စက်ရုပ်က လူနာကို ခွဲစိတ်ပေးသွားတာပါ။
အဝေးထိန်းစနစ်နဲ့ စက်ရုပ်သုံးခွဲစိတ်မှုတွေကို Robotic-Assisted Surgery (RAS) လို့လည်း ခေါ်ပါတယ်။ ဒီခွဲစိတ်မှုမှာ စက်ရုပ်နဲ့ ဆရာဝန်အကြား ကွန်ရက်လိုင်းကြန့်ကြာမှုက ၁၄၅ မီလီစက္ကန့်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
၁၃၅ မီလီစက္ကန့်ဆိုတာ မျက်တောင်တစ်ခတ်စာထက်တောင် မြန်တဲ့အချိန်ပါ။ ဒါကြောင့် ဆရာဝန်ကိုယ်တိုင် လူနာကို ကိုင်ပြီး ခွဲစိတ်သလို အောင်မြင်မှုရခဲ့ပါတယ်။ ဆေးပညာမှာ မိုင်ရာထောင်ချီအကွာအဝေးကနေ အခုလို ခွဲစိတ်ကုသတာကို telesurgery လို့ ခေါ်ပါတယ်။
၂၀၂၄ ဇူလိုင်လမှာ ကုသခဲ့တာ ဖြစ်ပေမယ့် မကြာသေးခင်ကမှ ဒီသတင်းက Reddit မှာ တကျော့ပြန် လူပြောများလာတာပါ။ ဒေါက်တာကျန်းရှုနဲ့အဖွဲ့ရဲ့ Telesurgery ကုသမှုကို comment က ဗွီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

image