ရမယ့်ဆုကြေးက ကြီးသလောက် ကလပ်ကမ္ဘာ့ဖလားက ကစားသမားတွေအတွက်တော့ မလွယ်ဘူး။ အထူးသဖြင့် ဥရောပလိဂ်မှာကစားနေတဲ့ ကစားသမားတွေအတွက်ကတော့ မလွယ်ဘူး။ ဒီပြိုင်ပွဲကို ကျင်းပမယ့်နေရာက အမေရိကန်မှာဖြစ်တယ်။
သိတဲ့အတိုင်း ကစားရမယ့်ကွင်းတစ်ကွင်းနဲ့တစ်ကွင်းက အဝေးကြီးတွေ၊ လေယာဉ်တွေနဲ့သွားရမှာ၊ ပြည်နယ်တစ်ခုနဲ့တစ်ခုက ရာသီဥတုအပူချိန်ကလည်း မှန်တာမဟုတ်ဘူး မှန်းရတာတအားကို ခက်တယ်။
ရမယ့်ပိုက်ဆံကတော့ တကယ့်ကိုအများကြီးဆိုပေမယ့်လည်း ကစားရမယ့်ကစားသမားတွေအဖို့ အတော့်ကိုမလွယ်ကူတဲ့ ခရီးလမ်းပဲ။ လာမယ့်ရာသီစရင်တော့ ကလပ်ကမ္ဘာ့ဖလားကစားထားရတဲ့ အသင်းတွေရဲ့ ကစားသမားတွေက ပွဲတအားကိုပန်းနေတော့မှာပါ။
