3 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ကားပေါ် လိုက်ပါလာသော မြန်မာ ၄၀ ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ဇွန် ၇ ရက် နံနက်ပိုင်းက အလုံပိတ်ကားပေါ်တရားမဝင်လိုက်ပါလာသော မြန်မာနိုင်ငံသား ၄ဝ ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသားများ ကားဖြင့်တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင်များက ထိုးဖားဖမ်းဒေသတွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ စစ်ဆေးနေစဉ် မသင်္ကာစရာ အလုံပိတ်ကားတစ်စီးရောက်လာသဖြင့် တားဆီးစစ်ဆေးရာ ကားပေါ်တွင် မြန်မာနိုင်ငံသား ၄ဝ နှင့်အတူ ထိုင်းယာဉ်မောင်းတစ်ဦးကို တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံသားများကို စစ်ဆေးစဉ်တရားဝင်ခရီးသွားခွင့် စာရွက်စာတမ်းများမတွေ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံသားများကို နယ်စပ်မှတစ်ဆင့် အမြန်လမ်းမကြီးအတိုင်း ခေါ်ဆောင်လာခြင်းဖြစ်ပြီး ကန်ချနဘူရီမြို့ထဲ ပို့ဆောင်ပေးရမည်ဖြစ်ကာ ပို့ဆောင်ခဘတ် ၄ဝဝဝ ရရှိခဲ့ကြောင်း ယာဉ်မောင်း၏ ထွက်ဆိုချက်ကိုဖော်ပြထားသည်။
လက်ရှိတွင်မြန်မာနိုင်ငံသားများနှင့်အတူ ယာဉ်မောင်းကို ဖမ်းဆီးခဲ့ပြီး ဥပဒေအရအရေးယူနိုင်ရေး ထိုးဖားဖမ်းရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

image